ပင်လုံကတိ နှင့် တိုင်းရင်းသားသစ္စာ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်တာဝန်ထမ်း ဆောင်ခဲ့သော ဦးသန့်ရေးသားသည့် ပြည်တော်သာခရီးစဉ် အမှတ်(၁/၂) တွင် ကချင်လူမျိုးနှင့် ဗမာလူမျိုးများ သည် နီးစပ်မှုမရှိချေ။ ဗမာမင်းများ ကလည်း ကချင်လူမျိုးများ အားအုပ်ချုပ်ရန် ရည်ရွယ်ချက်မရှိခဲ့ဟု ရေးသားခဲ့လေ သည်။ ထို့ပြင်ကချင်လူမျိုးများသည် မည်သည့်ဗမာမင်း၏ အုပ်ချုပ်မှု အောက်တွင်မှမရှိခဲ့ဟု ယခင် ဒီမိုကရေစီပါလီမန် ခေတ် ကချင်ပြည် နယ်ဝန်ကြီး ဦးဇန်ထဆင်ကသူ၏ ဒီမိုကရေစီပြောင်းပြန် ( 1958/1990) အမည်ရှိစာအုပ်တွင် ရေးသား လေသည်။ ဗြိတိသျှများ မြန်မာနိုင်ငံ အားကျူးကျော် သိမ်းပိုက်ခြင်း မပြုမီက ဗမာမင်းပိုင်နက် နှင့် ကချင်ဒူဝါများပိုင်နက်သည် မြန်မာအခေါ် မဲဇာ/ ကချင်အခေါ် "မြန်ဇာ"ဒေသတွင်စည်းခြားခဲ့သည်။

ကချင်လူမျိုးများသည် မည်သည့်ဗမာမင်း၏ အုပ်ချုပ်မှု အောက်တွင်မှမရှိခဲ့ဟု ယခင် ဒီမိုကရေစီပါလီမန် ခေတ် ကချင်ပြည် နယ်ဝန်ကြီး ဦးဇန်ထဆင်ကသူ၏ ဒီမိုကရေစီပြောင်းပြန် ( 1958/1990) အမည်ရှိစာအုပ်တွင် ရေးသား လေသည်။

Blog Image 3

အမတ်မင်းကြီးလက်ဝဲသုန္ဒရအား နယ်နှင်ဒဏ်ပေးရာတွင် ဗမာမင်း ပိုင်နက်၏အဝေးဆုံး ဖြစ်သော မဲဇာ (သို့) မြန်ဇာ သို့ ပို့ခဲ့ခြင်းသည် သာဓက ပင်ဖြစ်လေသည်။ အမှန်တွင် မဲဇာ (သို့) မြန်ဇာ အောက်ဖက်နားတွင် သျှမ်းလူမျိုးများဒေသဝန်းသို့ (သျှမ်းအမည် wun sur) ဒေသရှိလေသည်။ (ဥပမာ ဝန်းသို ဇော်ဘွားကြီးဦးအောင်မြတ်) မဲဇာဒေသသည် ၁၈၈၆ ခု အင်္ဂလိပ်များ မရောက်မှီအချိန်ထိ ကချင်ဒူဝါ ဖြစ် သော လဖိုင်မျိုးနွယ်စု / မိုင်ရောန်းဒူဝါ ၏ ပိုက်နက်ဖြစ်ခဲ့သည်။ မန္တလေးနန်းတော်အားဗြိတိသျှတို့ သိမ်းပိုက်ပြီး ၁၈၈၆ ဇန်နဝါရီလတွင် အထက်ဗမာပြည်သို့ ချီတက် တိုက်ခိုက်ရာကချင်လူမျိုးများသည် မဲဇာတောင်တန်းမှ စတင်ဆီး ကြို တိုက်ခိုက်ခဲ့ကြသည်ဟု ပြည်တော် သာခရီးစဉ်အမှတ် (၁) တွင် ဦးသန့်ကရေးသားလေသည်။ မိုင်ရောန်းဒူဝါ ဇော်တန်အား ဗြိတိသျှတို့က ဖမ်းဆီးပြီး ကြိုးပေးကွက်မျက်လိုက်ကြသည်။ ဒူဝါမရှိတော့သဖြင့် ထိုဒေသရှိ ကချင်များလည်း ကစဉ့်ကလျား ဖြစ်သွားကြကြောင်း မိုင်ရောန်းမျိုးနွယ်စု သမိုင်းတွင် တွေ့ရလေသည်။ ဆမားဒုဝါ / ဖုန်ကန်ဒူဝါ/ စဏ္ဍာဒူဝါ စသော ကချင်ဒူဝါမြောက်များစွာ ဗြိတိသျှ တို့အား ခုခံတွန်းလှန်ခဲ့သည် မှာ ၁၉၂၅ ခုနှစ် တိုင်နှစ်ပေါင်း (၃၀)မျှ ရှိခဲ့လေသည်။


စစ်သူကြီး မဟာဗန္ဓုလ အာသံဒေသသို့ စစ်ချီသောအခါ လှေများဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်းချီတက်လာပြီးမိုးကောင်းမှတဆင့်ဟူးကောင်းတောင်ကြားသို့ရောက်လာကာသူ၏သွေးချင်းဖြစ် သော ဒိုက်ဖာဒူဝါ (ဟူးကောင်း ဒေသအုပ်စိုးသောကချင်ဒူဝါ)ထံ စစ်ရေးအကူအညီ တောင်းခံခဲ့လေ သည်။ ဒိုက်ဖာဒူဝါမှလည်း သူ၏ရဲမက်(7500)နှင့်အတူ မဏိပူရ်အာသံ ဒေသအား သွားရောက် တိုက်ခိုက်သိမ်းပိုက်ပေးခြင်းဖြင့် သူ့ဆွေမျိုးသားချင်းဖြစ်သော ဗန္ဓုလ အားအကူအညီပေးခဲ့ကြောင်း ကချင်သမိုင်းမှတ်တမ်းများများနှင့်အခြားသောသမိုင်းမှတ်တမ်းများကအထင်အရှားဖော်ပြလျက်ရှိလေသည်။


၁၉၂၅ ခုနှစ်တွင် ထိုစဉ်ကဗန်းမော်ခရိုင်ပညာရေးဌာနအရာရှိ ဦးမရန်ရော်ဘင် နှင့် သင်းအုပ်ဆရာကြီးဦးဇော်တူးတို့ ဦးဆောင်ကာဗန်းမော်မြို့ရှိကချင်ဒူဝါကြီးများ နှင့် မြစ်ကြီးနားမြို့ရှိကချင်ဒူဝါကြီးများ နှင့်အခြားသောလူကြီးများ(80)ဦးခန့်နှင့်အတူရန်ကုန်မြို့သို့သွားရောက်ပြီးဘုရင်ခံဖြစ်သောဆာဟာကုတ်ဘတ်တလာထံသို့ ကချင်ဒေသသတ်မှတ်ပေးရေးနှင့် ကချင်လူမျိုးများအား ဟုမ်းရူးလ်စ်ပြဌါန်းပေးနိုင်ရန် တောင်း ဆိုခဲ့ကြကြောင်း သင်းအုပ်ဆရာကြီး ဦးလရှီးနော်ရေးသားသောမှတ်တမ်းစာအုပ်တွင်တွေ့ရလေသည်။ဒုတိယကမ္ဘာစစ်ဖြစ်ပြ iဖက်ဆစ်ဂျပန်များမြန်မာနိုင်ငံအားကျူးကျော်သိမ်းပိုက်ပြီးသော်လည်းဆက်လက်အညံ့မခံ ခုခံတိုက်ခိုက်နေသုများမှာ ကချင်လူ မျိုးများဖြစ်ကြောင်း The Battle for Naw Seng Kinfdom အမည်ရှိ စာအုပ်တွင် မြန်မာပြဘ်ဘုရင်ခံ ဖြစ်သော ဆာဒေါ်မန်စမစ်ကရေးသားလေသည်။ အမေရိကန် ကချင်ရိန်းဂျား တပ်ဖွဲ့ / ချင်းဒစ်တပ်ဖွဲ့ ဗြိတိသျှကချင်လေဗီးစ်တပ်ဖွဲ့များ တွင်ကချင်စစ်သည်နှစ်သောင်း နီးပါးမျှပါဝင် တိုက်ခိုက်ခဲ့ကြသည်။


ကချင်ဒေသသို့ပါ ဖက်ဆစ်ဂျပန်များချီတပ်လာရာဆွမ်ပရာဘွမ်ဒေသတွင် လက်လုပ်တူမီးသေနတ်ကိုင် ကချင် ပြောက်ကြားများ၏ ဆီးကြိုတိုက်ခိုက်ခြင်းကို စတင် ကြုံတွေ့ရလေသည်။ဆွမ်ပရာဘွမါဒေသအား မကျော်လွန်နိုင်သောကြောင့်ပူတာအိုဒေသသိမ်းပိုက်ရေးအစီ အစဉ်ပျက်စီးကာ ဖက်ဆက်များ ဆုံရှုံးမှု စတင်ကြုံတွေ့ခဲ့ရလေသည်။ထို့အတူ မြစ်ကြီးနား တိုက်ပွဲသည်လည်း ဒုတိယကမ္ဘာစစ် အတွင်းအရက်စက်ဆုံး / အကြိးတမ်းဆုံးသော တိုက်ပွဲတစ်ခုဖြစ် ကြောင်း သမိုင်းမှတ်တမ်းများတွင်တွေ့ရလေ သည်။ မန္တလေး/ မေမြို့/ သာစည်/တောင်ကြီး/ ညောင်ရွှေ / ရပ်စောက်/ လွယ်လင် စသည့်ဒသအထိ ဖက်ဆစ်များအား လိုက်လံတိာုက်ခိုက်လေသည် ။ကချင်ပြောက်ကြားများ၏ ဖက်ဆစ်ဂျပန်အား စစ်နိုင်သော အထိမ်းအမှတ် မနောပွဲကြီးအား ဗန်းမော်ခရိုင် စိန်လုံကဘာတွင် ၁၉၄၅ ခုနှစ် မတ်လ ၂၄ ရက်မှ ၂၆ရက်နေ့ ထိ သုံးရက်တိုင်တိုင် ချိမ့်ချိမ့်သဲ ကျင်းပနိုင်ခဲ့ကြပြီး မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့တပ်မတော် ဖက်ဆစ်ဂျပန ် ်များအား ဆက်လက်တိုက်ခိုက်ကြ လေသည်။


၁၉၄၆ခုနှစ် ဇန်နဝါရီလတွင် မြစ်ကြီးနားမြို့စီတာပူရပ်ကွက်တွင် ဖက်တစ်အောင်နိုင်ခြင်း အထိမ်းအမှတ် မနောပွဲဆက်လက်ပြု လုပ်ရာ ထိုစဉ်ဘုရင်ခံဖြစ်သောဆာဒေါ်မန်စမစ်ကိုယ်တိုင် တက်ရောက်ချီးမြှင်ခဲ့လေသည်။ထို့ပြင် မဟာ မိတ်တပ်များ ဗမာပြည်အား ပြန်လည်သိမ်းပိုက် နိုင်ခြင်းသည် ကချင်ပြောက်ကျားများ၏ အကူအညီကြောင့်သာလျှင်ဖြစ် ကြောင်း / ယင်းသို့ မသိမ်းပိုက်နိုင် ပါက ကျန်ုပ်တို့၏သားစဉ်မြေး ဆက်များ၏ သမိုင်းကြောင်းသည် အခြားသမိုင်းကြောင်းဖြစ်သွား ဖြစ်ကြောင်း The Battle for Naw Seng's kingdom'အမည်ရှိ စာအုပ်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ် ကရေးသားခဲ့လေသည်။


ဒုတိယကမ္ဘာစစ်ပြီး အတ္တလန်တိတ်ချာတာအရ ကိုလိုနီနယ်များအား လွတ်လပ်ရေးပေးရန်အကြောင်းဖြစ်လာရာ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရယူမည့် ကိုလိုနီများတွင် ပါဝင်လေသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင် များကလည်း မြန်မာနိုင်ငံလွတ်လပ် ရေးရယူရာတွင် ဗမာလူမျိုးများသာမက တောင်တန်းဒေသသားများကိုလည်း ဗမာလူမျိုးများနှင့်အတူ လွတ်လပ် ရေးရယူရန် လိုက်လံစည်းရုံးရာ ကချင်လူမျိုးများက ပထမဆုံးပါဝင်ဆောင်ရွက်ရန် သဘောတူခဲ့ကြလေသည်။ ယင်းသို့စည်းရုံး ရာတွင် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ရောက် ရှိလာပြီး ဒီဇင်ဘာ ၁ရက်နေ့ မန်ခိန်ကျေးရွာ လူထုအစည်းအဝေးတွင် ကချင်လူကြီးများနှင့်တွေ့ဆုံကာပြောခဲ့သောဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတွင် - ခင်ဗျားတို့ ကချင်များနှင့် ကျွန်တော် တို့ဗမာတွေကြားထဲမှာ နယ်ချဲ့အင်္ဂလိပ်ကသွေးခွဲထားသောဗမာမကောင်းဘူး ဗမာနဲ့ပေါင်းရင် မင်းတို့လူနည်းစုတွေကို ဗမာကဖိနှိပ် လိမ့်မယ် ချုပ်ချယ်လိမ့်မယ် ဗမာက အားကြီးညစ်ပတ်တယ်ဆိုတဲ့ ဟာတွေလည်း ခြေထိုးမှုများသာဖြစ် ပါသည်။ ယုံစရာမရှိပါ။ တကယ်လို့ ကချင်တောင်တန်းမှာ တာဝန်ကျ ရောက်တဲ့ ဗမာအရာရှိများ ကချင်လူမျိုးများအပေါ် စော်ကား မော်ကားလုပ်မှု အနိုင်ကျင့်မှုများရှိရင်လည်း မေ့ပစ်ကြပါ။ ဒါတွေဟာ ရှေးဟောင်းဗမာတွေ နယ်ချဲ့ရဲ့ ကျေးကျွန်တွေသာဖြစ်ပါတယ်။ အခုဗမာဟာ ဗမာသစ် ၁၉၄၆ ဗမာဖြစ်ပါပြီ။ ဒါကြေညင့် ယုံကြည်စိတ်ချစွာ ပေါင်းကြရအောင် ခင်ဗျားတို့လူနည်းစုတွေအနေနှင့် လူများစုတွေ ဗမာတွေက လူနည်းစုတွေ ကချင်တွေကို ဖိနှိပ့်လိမ့်မယ်လို့ မယုံသင်္ကာစိတ်သံသယစိတ်ရှိတာကို ကင်းရှင်းသွားအောင် လူမျိုးကြီးက လူမျိုးငယ်ကိုနိုင်စားလို့ မရတဲ့ လုနည်းစုတွေရဲ့ အခွင့်အရေးများကို ဥပဒေလုပ်ပြီး ပါလီမန်မှာပြဌာန်း ထားပေးခဲ့မယ်။ ကျွန်တော်သေသွား သည့်တိုင်အောင် ဥပဒေကမသေနိုင် သဖြင့် ဘာမှကြောက်စရာမရှိပါ။ကချင်လူမျိုးများအနေဖြင့် လွတ်လပ်ရေးရပြီး အင်္ဂလိပ်တွေ ပြန်သွားရင် အင်္ဂလိပ်တွေရဲ့နေရာမှာ ဗမာများအစားထိုးပြီး ဗမာများက အုပ်စိုး သွားလိမ့်မည်ဟု ဆိုတဲ့ သံသယစိတ်ရှိလိမ့်မည်။ အဲဒီလိုမဖြစ်အောင် ဆောင်ရွက်ပေး မယ် ။ ခင်ဗျားတို့ကချင်လူထုစိတ် ကြိုက် / ခင်ဗျားတို့ လူမျိုးထဲကရွေး ချယ်ပြီး မိမိတို့လူမျိုးနှင့် မိမိတို့အုပ်ချုပ် ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိရ မည်။ ပြည်နယ်တွေသတ်မှတ်ပေးမယ် ဒါ့ကြောင့် ခင်ဗျားတို့အနေနှင့်မယုံသင်္ကာ မရှိကြ ပါနဲ့။ ယုံယုံကြည်ကြည်နှင့် ကျွန်တော်တို့နှင့်ပေါင်းပြီး လွတ်လပ်ရေးရယူရအောင် " ဟူ၍ဖြစ်လေသည်။ ( ကချက်ပြည်နယ် ဝန်ကြီး ဦးဇန်ထဆင်ရေး / ဒီမိုကရေစီ ပြောင်းပြန် ၁၉၅၈/ ၁၉၉၀) ထိုလူထု အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လွတ်လပ်ရေးအတွက် တက်တက်ကြွကြွပါဝင်ဆောင်ရွက် နေသောကချင် အမျိုးသမီးများစု ပေါင်းကာ ဗမာကချင်ချစ်ကြည်ရေး သမိုင်းဝက်ဓါတ်ပုံရိုက်ခဲ့ကြလေသည်။ထိုဓါတ်ပုံတွင်ပါဝင်သော အမျိုးသမီးကြီး ဒေါ်ခေါန်ရော် ယနေ့ထိတိုင် ကျန်းကျန်း မာမာ ရှိနေဆဲဖြစ်သည်။


ကိုလိုနီနယ်များအားလုံး လွတ်လပ်ရေးရမည်ဖြစ်သည်ကို ကချင်ခေါင်းဆောင်များသိကြသော် လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များအား ကချင်လူမျိုး များအမှန်တကယ်ပင် ယုံကြည်ကာ ဗမာများနှင့် အတူပူးပေါင်းရန်ကြိုး စားကြလေတော့သည်။ ပထမတွင် ရှမ်းလူမျိုးများကဗမာများနှင့် ပူပေါင်းရန် ဆန္ဒမရှိကြောင်း သို့သော် ကချင်များပင်လျင် ပူးပေါင်းရန် ဆန္ဒရှိရင် ရှမ်းများလည်း စမ်းကြည့်ကြမည်ဟု ဆန္ဒပြုကာ ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးကြကြောင်း ချင်းများကလည်း လေ့လာသူအဖြစ် သာလာရောက်ရာ ကချက်ခေါင်းဆောင်များ၏ စည်းရုံး မှုကြောင့် ပါဝင်ဖြစ်ခဲ့ကြကြောင်း ယခင်ကချင်ပြည်နယ်ဝန်ကြီး ဒူဝါဝဘော် ဇော်ရစ် ( ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူ/ ကချင်ခေါင်း ဆောင်) ရေးသားချက်များအရသိရှိရသည်။ ဗြိတိသျှတို့ကမယုံကြည်သဖြင့် ရီးစ်ဝီလီယမ်ကော်မရှင် ( Frontier areas Committee of Enquiry) ကို ဖွဲ့စည်း ကာ တိုင်ူရင်းသားများအား ဗမာများနှင့်အတူပေါင်းရန် သင့်မသင့် သဘောဆန္ဒကို စုံစမ်းခဲ့ကြလေသည်။ Frontier Areas Committee of Enquiry 1947 part 2 Appendices ဖြစ်သော နယ်ခြားဒေသ စုံစမ်းရေး ကော်မတီ ၁၉၄၇ ခုနှစ် ၏ နောက်ဆက်တွဲစာမျက်နှာ ၅၁/ ၅၂/၅၃/၅၄ တွင်ဖော်ပြထားသည့် စုံစမ်းရေးကော်မတီတွင် တင်သွင်း သဘ့်ကချင်ကိုယ်စားလှယ်ပေါင်း ၅၀ လက်မှတ်ရေးထိုးထားသည့် စာသည် ၎င်း / ယင်းအစီရင်ခံစာ၏ နောက်ဆက်တွဲ ၂/ စာမျက်နှာ ၁၇၃-၁၇၄ တွင်၎င်း အောက်ပါအတိုင်းပါရှိသည်။ When all indigenous races of Burma become independent by means of the above mentioned method and Independent Federal Government of Burma including the Independent seperate Kachin State shall be formed. Exception: (a) Whether or not the seperate Kachin State should join the said federation shall be decided only by the people from that seperate state. (b) After the formation of federation the Kachin shall have the right to secede from the said federation at their will and pleasure without obstruction if they so desire. အချုပ်မှာ သီးခြားလွတ်လပ်သော ကချင်ပြည် တည်ထောင်ပြီး လွတ်လပိမည့်ဗမာပြည်ရှိ လူမျိုးပေါင်း စုံနှင့် ပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံ တော်အားအတူတကွတည်ထောင် ရေးနှင့် ကချင်လူထုဆန္ဒအရ ပူးပေါင်း နိုင်ခွင့်နှင့် ခွဲထွက်နိုင်ခွင့်တို့ဖြစ်ကြ လေသည်။ ချင်းလူမျိုးများ နှင့် ရှမ်းလူမျိုးများတင်သွင်းသည့် တင်ပြချက်များမှာလည်း အနှစ် သာရအတူတူပင်ဖြစ်ကြလေသည်။ ထို့ကဲ့သို့သောမူအားဖြင့်ကြိုတင်သဘောတူညီထားမှုများအား တိုင်းပြု ပြည်ပြုလွှတ်တော် တွင်အတည်ပြု ချက်ရယူရန် (၁) ဆမားဒူဝါ ဆင်ဝါး နောင် / ( 2) ဒူဝါဇော်လွန်း/(3) ဒူဝါဇော်ရစ် /(4) ဒူဝါကွမ်ရိုင်ဂမ်/(5) ဒူဝါဦးကြီးထိန်နန်/(6) ဒူဝါ လဘန်ဂရောင် / (7)ဒူဝါမရစ်အောင်ဘ(ခန္တီးလုံ)စသော ကချင်ခေါင်းဆောင်များလည်း လွတ်တော်သို့ သွားရောက်ကြ လေသည်။


ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်သော ညီလာခံအစည်းအဝေး တစ်ခုတွင် ဦးနု နှင့် ဖဆပလ ကိုယ်စားလှယ်အများစုက ကချင်ပြည်နယ်သတ်မှတ်ပေးရန်အချက်အလက်မပြည့်စုံသဖြင့်ကချင် ခေါင်းဆောင်များတောင်းဆိုတင်ပြသည့် ပြည်နယ်သတ်မှတ်ပေးအဆိုကို ပယ်ချပြီး ကချင်ရေးရာဌာန Kachin affairs Department ကိုသာ သတ်မှတ်ရန်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင်ကျနု်ပ်တို့ဗမာတွေဟာ အဆွေတော်တိုင်းရင်းသား တောင် တန်းသားများထက်လူဦးရေပိုများ တယ် / ပညာလည်းပိုတတ်တယ်/ စာတတ် ပေတတ် ပုဂ္ဂိုလ်လည်း ပိုပေါများတယ် / နယ်မြေလည်းပိုကျယ်တယ်ဒါကြောင့် ကျုပ်တို့ဗမာတွေဟာ ပြည်နယ်မယူ နိုင်ဘူး ပြည်မအနေနှင့်ဘဲနေမယ်" ဟုပြောပြီး ငြင်းပယ်ခဲ့ကြပါသည်။ ထို့ကြောင့် ကချင်ကိုယ်စလှယ်များ သည် စိတ်ပျက်လက်ပျက်ဖြင့် ညီလာခံမှ သပိတ်မှောက်ထွက်သွားပြီး သူတို့တည်းခိုရာအလုံရပ်ကွက်ရှိကချင်ဂေဟာသို့ပြန်သွားကြကာ နောက်နေ့မနက် မြစ်ကြီးနားသို့ ပြန်ရန်ဆုံးဖြတ်ထားလိုက်ကြပါသည်။ရှမ်းနှင့်ချင်း ကိုယ်စားလှယ်များ ကလည်း ကချင်နည်းတူ လိုက်လုပ်ကြ မည်ဆိုလျင် တောင်တန်းသားအား လုံးတို့သည် ဗြိတိသျှလက်အောက် တွင်ဆက်လက်နေထိုင်သွားကြမည် ဖြစ်ရာ ပြဘ်ထောင်စုဖွဲ့စည်းရေး ရည်ရွယ်ချက်သည်လည်း လုံးဝ ပျက်ပြားသွားတော့မည်ဖြစ်သည်။ ဤအချင်းအရာကိုရိပ်စားမိသော ဗိုလ် ချုပ်အောင်ဆန်းသည် သတင်းကြားရလျှင် ကြားချင်း ညတွင်းချင်း ကချင်ဂေဟာသို့ အပြေးအလွှားသွားရောက်၍ ကချင်ခေါင်းဆောင်များနှင့် ရင်းရင်း နှီး နှီး တွေ့ဆုံပြီး မနက့်ဖန်ငါကိုယ်တိုင် ညီလာခံကို ဦးဆောင်ပါ့မယ် ဒူဝါကြီး တို့တောင်းဆိုသည့်အတိုင်း ကချင်ပြည်နယ် သတ်မှတ်ပေးမှာပါ။ ဒူဝါကြီးတို့ လိုအင်ဆန္ဒပြည့်ဝစေရ မယ်။ မနက်ဖြန်မြစ်ကြီးနားသို့ ပြန်ဖို့ အစီအစဉ်ကို ဖျက်သိမ်းပြီး ညီလာခံ ပြန်ဆက်တက်ကြပါ။ ဟုဖြောင့်ဖျပြော ဆိုခဲ့ပါသည်။( ဒေါက်တာမနာမ်တူးဂျာ ရေး ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေး နောက်ခံသမိုင်းအကျဉ်း ) စာမျက်နှာ - ၃၅- ၃၆ ဤသို့ဖြင့် ကချင်လူမျိုးများ ညီလာခံ ကို ပြန်လည်တက်ရောက်လေသည်။


ကချင်ခေါင်းဆောင်များ ပြန်သွား ကြမည်ဆိုလျင် အခြားသော သမိုင်း သာဖြစ်ပေတော့မည်။ ကချင်လူမျိုး များ သည် ပြည်ထောင်စုမြန်မာနိုင်ငံ တွင် ပူးပေါင်းခြင်းမပြုဘဲနေပြီး ဗြိတိသျှလက်အောက်တွင် ဆက်လက်နေထိုင်လိုကလည်း နေနိုင်လေသည်။ နောက်ပိုင်းမှ သီးခြားလွတ်လပ်သော တိုင်းနိုင်ငံ တည်ထောင်၍လည်းနေနိုင်ကြလေ သည်။ အခွင့်အရေးလည်း ရှိခဲ့ကြ လေသည်။ကချင်လူမျိုးများ၏ ဓလေ့ထုံး စံတစ်ခုမှာ ကတိကဝတ်စကားအား အလွန်ယုံကြည်တန်ဘိုးထား လေး စားသောပင်ကိုယ်သဘောထားရှိခဲ့ ကြသည်။ စာပေမရှိသော ခေတ်များ၌ နှုတ်ကတိဖြင့်သာလျင် အရာရာအား ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြစ်၍ထိုစဉ် အစိုးရခေါင်းဆောင်ဖြစ်သော ဗိုလိချုပ်အောင်ဆန်း နှင့် ဖဆပလအဖွဲ့ကြီး၏ ကတိစကားအား ပင်ကိုယ် ရိုးသားသောစိတ်နှလုံးဖြင့် ယုံကြည်ကြသဖြင့် ပြည်ထောင်စု ကြီးအတွင်သို့ ပူးပေါင်းရန် ဆန္ဒပြုချင်းမှာ ပြည်ထောင်စု စိတ်ဓါတ်အပြည့်ဖြင့် ပါဝင်ခဲ့ကြ့ခြင်းပင်ဖြစ်လေသည်။လွတ်လပ်ရေးရပြီးခြင်း ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ ကချင်ခေါင်းဆောင် ဆမားဒူဝါကြီး ဆင်ဝါးနောင်အား ကာကွယ်ရေးဝန်ကြီးခန့်အပ်ကာ ပြည်ထောင်စုကြီးအားကယ်တင်ရန် အကူအညီတောင်းခဲ့ကြလေသည်။ ဒူဝါကြီးမှလည်း ဒုတိယကမ္ဘာစစ်ပြန် ကချင်စစ်သည်တော်ထောင်ပေါင်းများစွာအား ပြန်လည်စုဆည်းကာ ရန်ကုန်မြို့နှင့် အောက်မြန်မာပြည် တဝှမ်းအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ကာ ပြည်ထောင်စုကြီးအား ပြိုကွဲမည့်အရေး မှ ကယ်တင်ခဲ့ကြလေသည်။ပြည်ထောင်စုစိတ်ဓါတ်ဖြင့် မြန်မာ နိုင်ငံကြီးအား ပြန်လည်ကယ်တင်ခဲ့ သူများမှာလည်း ကချင်လူမျိုးများ ဖြစ်သဖြင့် တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုလောက်မှာ ကချင်ရဲ ဘော်များဟာ ပြည်ထောင်စုကြီး အား ကယ်တင်ခဲ့သူများအဖြစ် ပြည်ထောင် စုကြီးကိုယ်စား ကျေးဇူးတင်ပါတယ်ဟု ထိုစဉ်ဝန်ကြီးချုပ်ဖြစ်သူ ဦးနု မှ မကြာခဏ နှုတ်ဖြင့် လည်းကောင်း စာဖြင့်လည်းကောင်း ရေးသားပေးပို့ခဲ့လေသည်။


ပြည်ထောင်စု စိတ်ဓါတ်မရှိခဲ့လျင် သမိုင်းကြောင်းလည်း တစ်မျိုးဖြစ်နေမှာ သံသယဖြစ်စရာ အကြောင်းလုံးဝမရှိပါ။ ပင်လုံစာချုပ်နှင့်မေမြိုစုံစမ်းရေးကော်မရှင်သို့ တိုင်းရင်းသားများနှင့် ကချင်လူမျိုး ဆို့ ဆွေးနွေးခဲ့သော စကားလုံးများတွင် state ပြည်ထောင်/ တိုင်းပြည်/ နိုင်ငံ တော် ဟူသော စကားလုံးကိုသာ သုံး နှုန်းခဲ့ကြလေသည်။ ခွဲထွက်ခွက့် ကတိကဝတ်ရှိခဲ့ကြသော်လည်း မည်သည့် တိုင်းရင်းသားများမှ ခွဲထွက် မည်ဟု ပြောဆိုနေခြင်းမရှိခဲ့ကြချေ။ အမှန်တကယ်လည်း ကိုယ့် ပြည်ထောင် ကိုယ် ကိုယ်တိုင်းပြည် နှင့်ကိုယ်နေထိုင်သောလူမျိုးများသာ ဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုက် လည်းပင်လုံအဓိပ္ပါယ်ဖွင့်ဆိုချက် (၇) ချက် မိန့်ခွန်းတွင် ပြည်ထောင်စုအချင်းချင်းဟူသောစကားလုံးကိုသာ သုံးနှုန်းခဲ့ လေသည်။ ကယားပြည်ထောင်/ ဗမာပြည်ထောင်/ ကချင်ပြည်ထောင်/ရှမ်းပြည်ထောင်/ ချင်းပြည်ထောင်ဟု အစရှိသဖြင့် ဆိုလိုခြင်းပင် ဖြစ်ပေသည်။ ယင်းပြည်ထောင်များ အားစုစည်းကာ ပြည်ထောင်စုဟု သမုတ်ခဲ့ကြလေသည်။


ထိုပြည်ထောင်စု state ကတိကဝတ်ကြောင့်သာလျင် တိုင်း ရင်းသားများသည် ပြည်ထောင်စု federation တွင်ပါဝင်ရန်ဆုံးဖြတ်ခဲ့ ကြလေသည်။ထိုကဲ့သို့ ကတိကဝတ်များမရရှိခာလျင် ကချင်လူမျိုးများအနေဖြင့် ဖယ်ဒရေးရှင်းတွင်ပါဝင်မည်မဟုတ် ကြောင်း မေမြို့စုံစမ်းရေးကော်မရှင်သို့ တက်သွင်းသော memorandum စာမျက်နှာ -၅၃တွင် အတိအလင်း ဖော်ပြခဲ့ပြီးဖြစ်လေသည်။ပြည်နယ်ဆိုသောစကားလုံး အား တိုင်းရင်းသားများမသိရှိခဲ့ကြချေ။ ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည့် အစား ပြည်နယ်စုနိုင်ငံတော်ဖြစ်လာ သည်ကို တိုက်းရင်းသားများ အတွက် နားလည်ရခက်လျက်ရှိနေသည်။ဖဆပလအဖွဲ့ဲချုပ် ဗိုလိချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်ဘုရင်ခံ အစိုး ရနှင့် ထိုစဉ်ကတိုင်းရင်းသား ခေါင်း ဆောင်းများ ၏ သဘောတူညီမှု ရယူရာတွင် state သာဖြစ်လေသည်။ပြည်နယ် provine., Division, prefecture စသည်တို့ မပါဝင်ခဲ့ချေ။အခြေခံဥပဒေရေးဆွဲရာတွင် အဓိကဖြစ်ခဲ့သူ ဦး ချန်ထွန်း ကွယ်လွန်ခါနီး ပြောခဲ့သော စကား တစ်ရပ်မှာ မှတ်သားလောက် ပေ သည်။ အစကတော့ ပြည်ထောင်စု ပုံစံဆိုပြီးရေးဆွဲတာပဲ နောက်မှ တစ်ပြည်ထောင်စံနစ်ပုံစံ ဖြစ်နေတာ ကိုသတိပြုမိတယ် ဟူ၍ ဖြစ်လေသည်။