( ကျွန်တော်ရေးသားသော ဤဆောင်းပါးသည် Global Witness အဖွဲ့ကြီး၏ ထုပ်ပြန်ချက်မတိုင်မီ သုံးလစော၍ရေးသားကာ Wunpawng Shingni Journal ၏ August-September 2015 လထုတ်၊ အတွဲ (၃) အမှတ်(၆) တွင်ထည့်သွင်းအ သုံးပြုခဲ့ပြီး ဖြစ်ပါ သည်။ မြန်မာစာဖြင့်ဖတ်ရှုလိုသောမိတ်ဆွေများအတွက်ရည်ရွယ်ကာမြန်မာဘာသာသို့ပြန်ဆိုပြီးအနည်းငယ်ဖြည့်စွက်ပြင် ဆင်ရေး သား ကာ တင်ပြခြင်းဖြစ်ပါသည် ။ ဦးကေဘောမ်အေန်း)
သယံဇာတသည် လူသားများအားအကျိုးပြု၏၊ ထို့အတူ ဆိုးကျိုးကိုလည်းပေး၏။ ကချင်ပြည်သည် သယံဇာတ အလွန်ကြွယ် ဝသောဒေသဖြစ်၏။ ရေသယံဇာတ၊ လေသယံဇာတ၊ သစ်တောသယံဇာတ၊ ကျောက်မျက်သယံဇာတ တို့ဖြင့်ပြည့်နှက်နေ၏။ ထို့ ကြောင့် အချို့က ကချင်ဒေသ အား Cannan land နှင့်တင်စားကြ၏။ ရေသယံဇာတကိုကြည့်မည်ဆိုလျင် ကချင်ဒေသရေသည် အလွန်ကောင်း၏။ သောက်ရ သူအဖို့ ငတ်မ ပြေပင်ဖြစ်၏။ Ph 7 ဖြစ်၏။ ယခင်ဗြိတိသျှကိုလိုနီခေတ်တုံးကဆိုလျင် ဘုရင်ခံများ သည်စိန်လုံတောင်တန်းမှ ထွက်သော ရေကိုမှာယူ သောက်သုံး ခဲ့ကြ၏။လေသယံဇာတ ကိုကြည့် မည်ဆိုလျင် လေကောင်းလေသန့်ရှိ၏။ စက်ရုံထွက် မီးခိုးများ ကင်းစင်လျက်ရှိသည်။ ကျန်းမာ ရေးအတွက် အလွန်ကောင်းလေသည်။ သစ်တောထွက် ပစ္စည်းကိုကြည့်လျင် ကမ္ဘာ့ အကောင်း ဆုံးသော သစ်တော ထွက်ပစ္စည်း များသည် ကချင်ဒေသမှ ထွက်လေ၏။ ကချင်ဒေသ၏ နွယ်မျက် သစ်ပင် တိုင်းသည်ဆေးဖက်ဝင်လေ ၏။ထို့ ကြောင့် ကချင်ဆေးမြစ်ဆို လျင်အောက်ပိုင်းသားများအလုအယက်ဝယ်ယူ သုံးစွဲကြ၏။( ဥပမာ မရှော့ရွက်၊ ခန်းတောက် မြစ်၊ မချစ်ဥ၊ ရှီးပတီး စသော ဆေးဖက် ဝင်အပင်များ)။ ကချင်ဒေသ မည့်မျှ မြေသြဇာကောင်းသည်ဆိုရာဝယ်၊ အောက်ပိုင်းမှ အချဉ်သီးအား ကချင်ဒေသတွင်စိုက်လျင်၊ ပိုချဉ်လာ၏။ အချိုသီးသည်လည်းပိုချိုလာ၏၊ အစပ်တွင်ကချင်ငရုတ်စပ်သည်ကိုမှီသည့်ငရုတ်မရှိ၊လှောင်ပြောင်ပြောဆိုမှုတ ခုတွင် အောက်ပိုင်းသားလူမိုက်များကချင်ဒေသသို့ရောက်လျင်ဆိုဖွယ်ရာပင်မရှိဟုတင်စားရလောက်အောင်မြေခံရေခံကောင်း လေသည်။ ကချင်ဒေသ၏တွင်းထွက်ရတနာများတွင်လည်း ကျောက်စိမ်း၊ ပယင်း၊ စလင်း၊ ရွှေ၊ စသည့်ဖြင့် ကမ္ဘာ ကျော်လေ၏။ အချို့ သောသူများ ယူရေနီယမ်ရှာဖွေနေကြ၏။ နယ်စပ် မိုင်တိုင် ၅-၆ တွင်ရှိသောMolybdenum သတ္တုတွင်းသည်လည်း အလွန် တန်ဖိုးရှိ လေသည်။ ၎င်းတို့အထဲတွင်ရေးပန်းစားသောရတနာ မှာ ကျောက်စိမ်းပင်ဖြစ်လေသည်။ သယံဇာတ သည် လူ့အသုံးအဆောင်အဖြစ်အကျိုးရှိသကဲ့သို့ လက်နက်လည်းဖြစ်၏။ ၁၉၇၃ အာရပ် အစ္စရေး စစ်ပွဲတွင် အနောက်နိုင်ငံများရှိ ရေနံနှင့်မောင်နှင်သော ကား၊ ဆိုင်ကယ်၊ စက်ရုံအများအပြားသည်ရေနံမရရှိမှုကြောင့် ရပ်ဆိုင်းထားခဲ့ရလေသည်။ အကြောင်းမှာ အနောက် နိုင်ငံများသည်အစ္စရေး နိုင်ငံဖက်ရပ်တည်ခဲ့ကြသ ဖြင့်ရေနံ တွင်းပိုင်ရှင်များဖြစ်သော အာရပ်နိုင်ငံများ ကအနောက်နိုင်ငံများအားရေနံရောင်းချခြင်းပိတ်ပင်လိုက်သဖြင့် ဖြစ်၏။ အနောက် နိုင်ငံအစိုးရများ ပြာယာခတ် ခဲ့ရသောအချိန်ဖြစ်သည်။ သို့ဖြင့် စစ်ပွဲအမြန်ဆုံးရပ်ဆိုင်းရန် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းတော့သည်။ ၎င်းအချိန် Time Magazine ကြီး၏နာမည်ကျော် ကာတွန်းတစ်ပုဒ်အား ယခုတိုင်မြင်ယောင်ဆဲဖြစ်သည်။ ၎င်းမှာ ရေနံတွင်းမျှော်စင်ထိပ်တွင် ခေါင်းပေါင်းအာရပ်ဝတ်စုံနှင့် အာရပ်အ မျိုးသားတစ်ဦးက ရေနံပိုက်ခေါင်း ကိုင်ဆောင် ထားပြီးမြေပြင်ပေါ်တွင်အနောက်နိုင်ငံဝတ်စုံ ဝတ်ထားသူအများအပြား ကပြပ်ဝပ်ခ စားပြီး ရေနံရောင်းချပေး ပါရန်တိုးလျှိုး နေသောပုံပင်ဖြစ် လေသည်။ ကမ္ဘာပေါ်တွင် ကျောက်စိမ်းထွက်ရှိရာဒေသသုံးခုရှိသည်ဟုပြောကြ၏။ အမေရိကန်၊ တရုတ်နှင့် ကချင်ဒေသ တို့ ဖြစ်၏။ အမေရိကန်နှင့် တရုတ်နိုင်ငံထွက်ကျောက်စိမ်းများသည် အရည်အသွေးမကောင်းချေ။ ကချင်ဒေသ ထွက် ကျောက်စိမ်းတစ်ခုသာလျင် ရတနာ ထည်အဖြစ်အသုံးပြုနိုင်သည်ဆို၏။ ကျောက်စိမ်းနှင့် အရောင်တူသော မြ ( Emeral) အား ကိုလံဘီယာနိုင်ငံတွင် အမြောက် အများတူးဖော်ရသည်ဟုဆို၏။ ကျောက်စိမ်းကဲ့သို့မာကျော်မှုမရှိ၊ တန်းဖိုး လည်း မရှိဟုဆို၏။ လွန်ခဲ့သောနှစ် တစ်ထောင်ကျော်ခန့်ကပင် ကျောက်စိမ်းအား အသုံးပြုနေ ပြီဖြစ်သည်။
စပိန်စကားဖြင့် “ Jedite” ဟုခေါ်၏။ “Nephrite” အမျိုးမှ အရည်အသွေးမ ကောင်းလှချေ။ လူ့ခန္ဓာကိုယ်ရှိ ကျောက်ကပ် အတွက် ဆေးဖြစ်သည် ဟုစပိန်လူမျိုးများက ယူဆကြသည်။ ၎င်းအချိန်ခန့်ကပင် တရုတ်လူမျိုးများသည် ကျောက်စိမ်းအား တန်ဖိုးထား နေကြ ပြီဖြစ်သည်။ ဗမာမင်း အနောရထာ ( Anirudha) ၏သံတမန်များ တရုတ်မင်း ဥုတည်ဘွား ထံသွား ရောက်လည်ပတ်စဉ် ဥုတည်ဘွားမှ အစိမ်းရောင်ရှိသော ဗုဒ္ဓဆင်းတုတော် တစ်ဆူလက်ဆောင်ပေးလိုက်သည်ဟု သမိုင်းများတွင်တွေ့ရသည်။ ပထမတွင် မြ ဆင်းတု တော်ဟုယူဆခဲ့သော်လည်းနောက် ပိုင်းသိရ သည်မှာကျောက်စိမ်း ဖြစ်နေသည်ဟုဆို၏။ ဥုတည်ဘွားသည် ကျောက်စိမ်းအားအသုံးြ့ပုနေသော်လည်း မည်သည့်အရပ်ဒေသမှ ထွက်ရှိ သည်ကိုမသိချေ။ နောက်ပိုင်း တရုတ်ကုန်သည်များ ကချင်ဒေသအားဖြတ်ကာ အာသံ ( Assam) သို့သွားရောက်ကာ ကုန်သွယ်ကြရာမှ ကချင်ဒေသ တွင်ကျောက်စိမ်းထွက်ကြောင်း ကိုသိရှိခဲ့ရသည်။ ( Jade by Dr. Khin Aung Nyunt ) ၁၇ ရာစုခန့်မှ စတင်ကာ တရုတ်လူမျိုးများ ကချင်ဒေသသို့ ကျောက်စိမ်း ရှာဖွေရန်ရောက်ရှိလာကြသည်။ ၎င်းဒေသအား ကချင်လူမျိုး မရစ်မျိုးနွယ်ဖြစ် သော ကံဆီး၊ လိုင်ဆိုင်း၊ ဂွေခါ၊ အင်ဂျာ၊ လမာ အစရှိသော ကချင်ဒူဝါများက ပိုင်ဆိုင်ထိမ်းချုပ်ထားကြ၏ (အခြားသော ဒူဝါ များအမည်လည်းရှိပါမည်)။ ၎င်းဒေသအား ကချင်ဒူဝါများ သည် ယခင်နေ ထိုင်ကြသော ခမုန်ခမန် ( Hkamung Hkaman) မျိုးနွယ်များအား တိုက်ထုတ်ကာ ရယူခဲ့သည် ဒေသဖြစ်သည်ဟု သမိုင်းများ ကဆိုကြသည် ( လုံးခင်းကျောင်းထိုဆရာ တော်ရေးသားသည့် ကံဆီးမှတ်တမ်း စာအုပ်) ။ မိတ်ဆွေရှမ်း လူမျိုးများ လည်းနောက်ပိုင်း ရောက်ရှိလာကြသည်။ ၎င်းတို့ ရောက်ရှိ လာပုံမှာ ယခုခန္တီးမြို့အနားရှိ ပေါ်မိုင်းစော်ဘွား( ရှမ်းစော်ဘွား ဟုသိရသည်) ၏သမီး စန္ဒမြင့်အား ကံဆီးစော်ဘွားမှမိဘုရား တင်မြောက် စဉ် နောက်ပါချွေရံ အဖြစ်ပါ ဝင်လာခဲ့ရာမှ ကျောက်စိမ်းတွင်းဒေသတွင် ရှမ်းလူမျိုးအမြောက်အများ ထပ်မံရောက် ရှိလာကြသည်ဟု ကချင်သမိုင်း များကဆိုသည် ( ကံဆီးမှတ်တမ်းတွင်လည်းရှု)။ ဥပမာ-ယခုတည်ရှိနေသော နန့်ယားကျေးရွာ။ထို့ပြင် ဗြိတိသျှ နယ်ချဲ့တို့ အထက်ပိုင်း ဒေသသို့ ထပ်မံစစ်ချီလာရာတွင် ဝန်းသိုစော်ဘွားမှ အကြီးအကျယ်ခုခံတိုက်သော်လည်း လက်နက်ချင်း မယှဉ်နိုင်သဖြင့် ထွက်ပြေးလာသောရှမ်းမိတ်ဆွေအများအပြားကိုလည်းမရစ်မျိုးနွယ်ဒူဝါများမှကျောက်စိမ်းတွင်းဒေသပတ်ဝန်းကျင်တွင်နေရာချ ပေးခဲ့ကြ ၏။ အကာအကွယ်ပေးခဲ့ကြ၏။
၁၈ ရာစုခန့်ရောက်လာချိန်တွင် ကျောက်စိမ်းရှာဖွေသော တရုတ်လူမျိုးများ ပိုမိုရောက်ရှိလာ ကြရာမှ ကျောက်စိမ်း တွင်းအပိုင် ကချင်ဒူဝါများကလည်း ကျောက်စိမ်းမှ အခွန်ငွေကောက်ခံလာကြလေ၏။ ထိုသို့ ဖြင့် ရောက်ရှိလာကြသော တရုတ်ကျောက်စိမ်းကုန် သည်များသည် ကချင်ဒေသ၏ ငှက်ဖျားဒဏ်ကြောင့်ထောင်ချီကာ သေဆုံးခဲ့ကြ၏။ မည်မျှပင်သေဆုံးစေကာ မူ ကျောက်စိမ်း လိုချင်သော တရုတ်များ ထပ်မံပြီးရောက်ရှိလာ ကြသည်ဟုဆို၏။ ကျောက်စိမ်းတွင်းဒေသတွင် တစ်ကျပ် ပေးရသော ကျောက်စိမ်း သည် ကန်တုန် ရောက်လျင် အဆ ပေါင်းများစွာအမြတ်ရရှိကြသဖြင့် တရုတ်လူမျိုးများ တိုးသထက်တိုး ရောက်လာ ကြ သည် ဟုဆို၏။ ( Jade by Dr. Khin Aung Nyunt) ဗမာဘုရင်မင်းတုန်းမင်းသည် ရှမ်းလူမျိုးများနေထိုင်သောမိုးကောင်းမြို့ (Mein Kong)နောက်ပိုင်းအခေါ် မဟောင် (မြို့ဟောင်း) တွင်မြို့အုပ်တစ်ဦးခန့်ထားခဲ့၏။ ထို့နောက်မိုးကောင်းမြို့မှ ဖြတ်သန်းသွားသော ကျောက်စိမ်း ကုန်သည်များထံ အခွန်ငွေ ကောက် ခံစေ၏။ နောက်ပိုင်းကချင်လူမျိုးများထံမှ အခွန်ကောက် ခံရန်ကြိုးပမ်းလာသဖြင့် ၁၈၇၃ ခုနှစ် ဒီဇင်ဘာ လတွင် မိုးကောင်း မြို့ပတ်ဝန်း ကျင် ( မိုးကောင်းအပါအဝင် ၎င်းဒေသတစ်ခုလုံးအား ကချင် ဇီး ဒူဝါများပိုင်စိုး အုပ်ချုပ်သော ဒေသဖြစ်ကာ ကချင်လူမျိုးများက ဇီးဂါး ( ZI TERRITORY ဟုပြော၏) ဇီးဒေသဒူဝါ များကမိုးကောင်းမြို့အား ဝင်ရောက်တိုက် ခိုက်ကာ ဖျက်ဆီးလိုက်ကြ၏ ( The Races of Burma by Major Enriquez တွင်လည်းရှု) ။ မြို့အုပ်ကိုလည်းသတ်ပစ်လိုက်ကြ၏။ အကြောင်းမှာ၎င်းဒေသအားပိုင်ဆိုင်သော ကချင်လူမျိုး များထံအ ခွန်ငွေကောက် ခံရန်ပြုလုပ် လာသဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်း ဖြစ်သည် ဟုဆို၏။ နယ်ချဲ့ဗြိတိသျှများ ကျောက်စိမ်းတွင်းဒေသသို့ရောက်ရှိလာချိန်တွင် ၎င်းဒေသရှိဒူဝါများသည် ခုခံတိုက်ခိုက်မှုမပြုဘဲ ဗြိတိ သျှတို့အား အသာတကြည်လက်ခံခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှတို့မှ လည်း ၎င်းဒေသနေကချင်ဒူဝါများအား မူလအခွင့်အရေး အုပ်ချုပ်ပိုင်ခွင့် အာဏာများအားလုံး ပြန်လည်ပေးအပ်ခဲ့ကြလေသည်။ အထူးသဖြင့် ဗြိတိသျှ ဧကရီ ဘုရင်မကြီး ဝိတိုရိယ ( Victoria) ကိုယ်တိုင် ကံဆီးဒူဝါအား အဆောင်အယောင်လက်မှတ်များ ချီးမြင့်ခဲ့လေသည်။ ၁၉၄၀ အရောက်တွင် ကျောက်စိမ်း တူးဖော် လုပ်ငန်း လုပ်ကိုင်သူ ဗမာလူမျိုး ဦးလူကလေးသည် ကံဆီးဒူဝါအား အခွန်မ ပေးချင်သည်ကိုအကြောင်းပြုကာ စစ်ကိုင်းတွင်ရုံး ထိုင်သည့် ဗြိတိသျှ ကော်မရှင်နာမင်းကြီး Mr. Kibilisi ထံသို့ လီဆယ်တိုင်ကြားမှုပြုခဲ့၏။ ၎င်း၏တိုင်ကြားမှုကြောင့် ကော်မရှင်နာမင်းကြီးမှ ကံဆီးဒူဝါကြီး အခွန်ငွေကောက်ခံခွင့်အား ၁-၃-၁၉၄၂ တွင် ရုပ်သိမ်း လိုက်လေသည်။ သို့သော်လည်း၎င်း၏တိုင်ကြားမှုအား ပလပ်ကာ ၎င်းနှစ်တွင်ပင် ကံဆီးဒူဝါ အားယခင်ဒူဝါအချုပ်အချာအာဏာများအပြည့်အဝပြန်လည်ပေး အပ်ခဲ့လေသည်။၎င်းနှစ်တွင်ပင်ဖက် ဆစ်ဂျပန်များ ဝင်ရောက် လာမှုကြောင့်ဗြိတိသျှတို့၏ အုပ်ချုပ်မှု လည်း ပျက်သုန်း ခဲ့လေသည်။
ဗြိတိသျှ အုပ်စိုးချိန် ကျောက်စိမ်းတွင်းဒေသနှင့်ပတ်သက်၍ ၁၉၄၁ ခုနှစ် ဧပြီလ ၁၆ ရက် နေ့တွင် နိုင်ငံတော် ပြန်တမ်းအမှတ် (၉၁) ဖြင့်အမိန့်ပြန်တမ်းတစ်ခုထုတ်ပြန်ခဲ့သည်။ ၎င်းမှာ “ ယင်းနယ်မြေများကို (၁) ကံဆီ၊ (၂) ဝှေခါ၊ (၃) လိုင်ဆိုင် ကျောက်စိမ်းတွင်း နယ်မြေဟု ခေါ်ဝေါ်သည်ဟူ၍ဖြစ်၏ (ကချင်ပြည်နယ်အစိုးရ နဝမမြောက်နှစ်လည်စာစောင်၊ ၁၉၅၇ ခုနှစ်)။ ၎င်းအချိန်ထိ ဖါးကန့် ဟုခေါ် ဆိုခြင်းမရှိသေးချေ။ဖါးကန့်ဟုအမည်တွင်လာသည်မှာမဆလအစိုးရခေတ် ရောက် သောအခါ တွင်မှ တွင်ကျယ်လာသော အ မည်ဖြစ် သည်။ မည်သူက စတင်မှည့်ခေါ်သည် ကိုမူတိတိကျကျ မသိရှိရချေ။ ဖါးကန်းအ မည်နှင့် ပတ်သက်၍ အမျိုးမျိုးကွဲပြား လျက်ရှိကြရာ ကချင်ပြည်နယ် တြိဂံဒေသတွင် ဖါးကန့်ယန် ( Hpakant Yang) ဟူသောအမည် တူကချင်ကျေးရွာရှိလေသည်။ ယခင်က ၎င်းဒေသ တစ်ခုလုံးသည် ကားမိုင်း မြို့နယ်၏ အုပ်ချုပ်မှု အောက်တွင်ရှိခဲ့သည်။ လွတ်လပ်ရေးမရခင်အထိ ၎င်းဒေသအား ကံဆီးမြို့ဟုလည်း အမည်တွင်ခဲ့သည် ( ကံဆီးဒူဝါများ၏ အခွန်ကောက်ခံသည့် ပြေစာ ကိုလည်းရှု)။ ပါလီမန်အစိုးရ၊ မဆလ ခေတ်တလျှောက်လုံး တိုင်း ရင်းသားဒေသ ရှိဒေသအမည်များအား မြန်မာမှုအမျိုးမျိုး ပြုခဲ့ကြရာ ဖါးကန့်ဟူသောအမည်မှာလည်း မြန်မာမှုပြုနိုင်ရန် ပြုလုပ်ခဲ့ခြင်း လောဟု မေးစ ရာဖြစ်နေ၏။ မြန်မာမှုပြုသော သမိုင်းပညာ ရှင်အချို့ကလည်း ကျောက်စိမ်းတွင်းဒေသသည် မင်းတုန်းမင်း ပိုက်နက်ဖြစ် သည်ဟု ထွင်လုံးများ ပြုလုပ်ခဲ့ကြသည်။ ကံဆီးဒူဝါမှ မင်းတုန်းမင်းအား လက်ဆောင်ပဏ္ဍာ ဆက်သသည်ဟူ၏။ လက်ဆာင် ပဏ္ဍာ ဆိုသည်မှာ အကြီးအကဲအချင်းချင်း လက်ဆောင်ပေးပို့ခြင်း သာ လျင်ဖြစ် သည်ကိုကချင်လူမျိုးတိုင်းက နားလည်ပြီး သားဖြစ် သည်။ မည်သည့်ကချင်ဒူဝါများ မှဗမာမင်းများ၏လက် အောက်ခံ မဖြစ်ခဲ့။ ကံဆီးဒူဝါ လက်ဆောင်ပေးပို့ သကဲ့သို့မင်းတုန်း မင်းသည် လည်း ကံဆီး ဒူဝါထံလက်ဆောင်ပြန်လည်ပေး ပို့ခဲလေသည်။ ဗမာမင်း များကလည်း ကချင်ဒေသအား အုပ်ချုပ်ခဲ့ခြင်းမရှိ၊ အုပ်ချုပ်ရန် ရည် ရွယ်ချက်လည်းမရှိခဲ့ချေ ( ပြည်တော်သာ ခရီးစဉ်၊ ဦးသန့်)။ အမှန်တကယ်တွင်လည်း ကချင်ဒေသသည် မည်သည့်ဗမာမင်း၏ ပိုင်ဆိုင်မှုတွင်မရှိခဲ့၊ ပြည်ထောင်စုဖွဲ့ရန် ဦးအောင်ဆန်း၏ ဖိတ်ခေါ်မှုကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ကချင်ပဒေသရာဇ် များ၏ အပြည့်အဝအုပ်စိုးမှုအောက်တွင်ရှိခဲ့သော ကချင်ပြည်ထောင်ပင်ဖြစ်သည်။ ကချင်အမည်သည် Kansi ga ( ကံဆီးဒေသ)၊ Laisai ga ( လိုင်ဆိုင်းဒေသ)၊ Gwihka ga ( ဝှေခါဒေသ) အမည် ရှိပြီးသား ဖြစ်၏။ သို့သော်လည်း နောက်ပိုင်း ဒေသခံကချင် လူမျိုးများ၊ ယခင် ဒူဝါများနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ဖါးကန့်ဟုအ မည်ပြောင်း လိုက်ခြင်းသည် ကချင်ဒူဝါများ၏ ပိုင်ဆိုင်မှု၊ ကချင်အမည်အား တိမ်ကော အောင်ပြု လုပ်နေခြင်း လောဆိုသည်မှာ စဉ်းစားစရာ ပင်ဖြစ် လေသည်။ ထို့ပြင် လိုင်ဆိုင်းဒူဝါ ပိုင်သော ကချင်ဒေသအချို့အား စစ်ကိုင်း တိုင်း သို့သွတ် သွင်းလိုက်ကြလေသည်။ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် ကချင်ပြည်နယ်အစိုးရသည် လုပ်ပိုင်ခွင့်အ တော်အတန်ရှိ သည်ဟု ဆိုကြသည်။ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဌာနများတွင် ဝန်ထမ်းခန့်အပ်ပိုင် ခွင့်ရှိခဲ့ကြ သည်ဟုဆိုကြ သည်။ အခွန်အ ကောက် ကောက်ခံပိုင်ခွင့်များလည်းရှိ၏။ထို့ကြောင့်ကချင်ပြည်နယ်အစိုးရသည်ကျောက်စိမ်းတွင်းဒေသမှထွက်ရှိလာသောကျောက်စိမ်း များအား တန်ဖိုးဖြတ်ကာ အခွန်ကောက်ခံခဲ့ကြသည်။ ၎င်းအချိန်တွင် ကျောက်စိမ်းတွင်းဒေသတွင် ကျောက်စိမ်းတူးဖော်သူများသည် ဒေသ ပိုင်ဒူဝါများထံတွင်း ဝခွန်များ ပေးဆောင် ကာတူးဖော်ကြသည်။တူးဖော်ပြီးရရှိလာသော ကျောက်စိမ်း များအားမိုးကောင်းမြို့ တွင်ဖွင့်လှစ်ထား သည့်အစိုး ရရာဖြတ်အဖွဲ့ထံ သွားရောက်ပြသရသည်။ ရာဖြတ်အဖွဲ့တွင် အဖွဲ့ဝင်ခြောက်ဦး ပါဝင်ကာ ကျောက်တန်ဖိုး ဖြတ်ကြသည်။ တန်ဖိုးဖြတ်ပြီး နောက် ကျောက် စိမ်းပိုင်ရှင်သည် ကချင်ပြည်နယ်အစိုးရထံသို့ ကျောက်စိမ်းတန်ဖိုး၏ ၃၃.၃ ရာခိုင်နှုန်း အခွန်ဆောင်ရသည်။ အခွန်ဆောင်ပြီးသော ကျောက်စိမ်းအား မည်သည့်အရပ် ဒေသသို့မဆို သယ်ဆောင် သွားခွင့်ရှိ၏။ ဟောင်ကောင်၊ မက္ကာအို အထိလည်း သယ်သွား ကြသည်။ ဖမ်းဆီးငွေညှစ်မည့်သူမရှိတော့ချေ။ ၎င်းအချိန်တွင် ကျောက်စိမ်း တွင်း နယ်တစ်ခု လုံးတွင် ဒေသခံများအပါအဝင် ကျောက်စိမ်းတူး ဖော် သူများ စုစုပေါင်းလူဦးရေသည် တစ်သောင်း (၁၀၀၀၀) ပင်မရှိသေးဟုသိရသည်။ ၁၉၅၅ ခုနှစ် ကချင်ပြည်နယ်အစိုးရ၏ ကျောက်စိမ်း တစ်ခု တည်းမှအခွန်ဝင်ငွေသည်ကျပ် ငွေနှစ်ဆယ့်ငါးသိန်းကျော်(-၂၅၀၀၀၀၀/)ကျော်ဖြစ်လေသည်။ (ကချင်ပြည်နယ်အစိုးရ ထုတ်ေ၀ သည့် နဝမ ကြိမ်မြောက် နှစ်လည်စာစောင်၊ ၁၉၅၇) ။ ၎င်း အချိန်တွင်ရွှေတစ်ကျပ်သား သည်ကျပ်တစ်ရာ ပင်ကျော် လွန်မှုမရှိသေးချေ။
၁၉၉၄ ခုနှစ် နိုင်ငံတော်အစိုးရနှင့် ကေအိုင်အေ တပ်များ အပစ်အ ခတ်ရပ် စဲပြီးနောက် ကျောက်စိမ်းတွင်းဒေသသို့ company အမြောက်အများ ဝင်ရောက် လာကြတော့ သည်။ အချို့သော company များသည် မူးယစ်ဆေးဝါး မှရရှိ သော ငွေမည်း များအား ငွေဖြူဖြစ်အောင်ပြုလုပ်ရန်အတွက် ကျောက်စိမ်း တူးဖော်ခြင်းတွင် အရင်းအနှီး ထည့်ဝင်လာ ခြင်းဖြစ်သည်ဟု နိုင်ငံတကာ သတင်းများ တွင်ဆိုကြသည်။ တူးဖော်ထွက်ရှိလာ သောကျောက်စိမ်း များအား(သို့မဟုတ်) မိမိကိုယ်တိုင်ဝယ်ယူထားသော အရည်အသွေးမီ ကျောက်စိမ်းများအား နိုင်ငံတော်မှ ပြုလုပ်ကျင်းပသည့် ကျောက် မျက်ပြပွဲတွင် တင်သွင်းပြသပြီး မိမိကျောက်စိမ်းအား မိမိကိုယ်တိုင်ပြန် ဝယ်ယူပြီး ငွေဖြူလျှော်ဖွတ်သူများလည်း အများအပြား ပင်ဖြစ်သည်ဟု သတင်း များတွင် ကြားသိခဲ့ရသည်။ ၁၉၉၄ နောက်ပိုင်း ကျောက်စိမ်းတွင်းဒေသ တွင်အကြီး အကျယ်တူး ဖော်လာကြသည်မှာ Dr. Karen Dean ( Talin University, Estonia) ရေးသားသည့် Kachin land, Territorial trap between Indo-Sino border အမည်ရှိစာအုပ်တွင် “ ဖါးကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုသည် ကမ္ဘာတွင်အကြီး ကျယ်ဆုံးသောသတ္တုတွင်းကြီးဖြစ်သည်” ဟူ၍ဖြစ်၏။ တောင်အဖရိကနိုင်ငံရှိ ကမ္ဘာကျော် စိန်တွင်းကြီးသည် ဖါးကန့် ဒေသ၏ ဆယ်ရာခိုင်နှုန်းပင်မရှိဟု ပြောဆိုကြ၏။သံသယဖြစ်စရာမလိုချေ၊အဘယ့်ကြောင့်ဆိုသော၂၀၁၅ခုနှစ် ဖါးကန့်ဒေသ ရောက် လိုင်စင်မဲ့ကားများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ထုတ်ပြန်ချက်တွင် Back Hoe ( မြေကော် စက်ယန္တယားကြီး) အစီးနှစ်ထောင် ကျော်၊ အခြားသောမြေသယ်ကားစီးရေ တစ်သောင်းကျော် ရှိကြောင်း မှတ်သားရဖူးသည်။ ၁၉၉၄ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ကချင်ဒေသရှိ သယံဇာတ များအားလုံးနီးပါး ချမ်းသာရာမရဖြစ်လာ တော့သည်။ ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ သစ် စသည်တို့အား အကြီးအ ကျယ် အလုအယက် စည်းမရှိကမ်း မရှိအပြိုင်အ ဆိုင်ထုတ်ယူလာ ကြတော့ သည်။ ၂၀၀၀ ခုနှစ် ရောက် သောအခါ နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ရောင်းရ ငွေတစ်ခုတည်မှ ဒေါ်လာသန်း ငါးရာကျော်ဖြစ်သည်။ ၂၀၁၁ ရောက်သောအခါ ဒေါ်လာသန်း ၂၀၀၀ကျော်ဖြစ်လာတော့သည်။ ၎င်းကိန်းဂဏန်းမှာ တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်း သာဖြစ်သည်။ တရားမဝင် ရောင်းချမှုတွင်၎င်းထက်အဆများစွာပိုကြောင်း ခန့်မှန်းပြောဆိုနေ ကြသည်။
၂၀၀၀ ခုနှစ်ခန့်မှစတင်ကာ ခရိုနီလုပ်ငန်းရှင်များသည် ကျောက်စိမ်းထုတ်လုပ်ရေးဖက်သို့ ပိုမိုအားစိုက်လာ ကြတော့သည်။ အမြတ်အစွန်းအများဆုံးသောလုပ်ငန်းကြီးတစ်ခုဖြစ်လာတော့ သည်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများ ( တရုတ်ပြည်မှဖြစ်သည်ဟု ဆိုကြ သည်) နှင့် အာဏာ လက် ကိုင်ရှိသူများ ပူးပေါင်းကာ ကျောက်စိမ်းထုတ် လုပ်မှုကြီး ကျယ်လာ ခဲ့သည်။ ဥပမာပြရ မည်ဆိုလျင် ၂၀၁၃ ခုနှစ် မြစ်ကြီးနာမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ၏ ကျောက် မျက် ပြပွဲ ဖွင့်ပွဲတွင် ဦးတေဇ မှပြောဆိုသည်မှာကျွန်တော်ရဲ့ ဘဝကိုပြောင်းလဲပေးလိုက်တာဟာကျောက်စိမ်း ဖြစ်ပါ တယ်ဟူ၍ ဖြစ်သည်။ ဦးတေဇသည်လက်နက်ပွဲစားလုပ်သည်ဟု သတင်းများ တွင်နာမည်ကြီးသူဖြစ်သည်။ ပွဲစားခဖြင့်ချမ်းသာ လာ သည်ဟု သတင်းများတွင်မကြာ ခဏကြားခဲ့ရသည်။ သို့သော် လည်း သူပြော ဆိုသည်မှာ ကျောက်စိမ်းကြောင့် ချမ်းသာလာ သူဖြစ်ကြောင်း ပြောသည်။ ၂၀၀၆ ခုနှစ်ခန့်မှ စတင်ကာကျောက်စိမ်း ရောင်းချမှုမှ ဝင်ငွေသည် တရားဝင် နှင့် တရားမဝင်ပေါင်းမည်ဆိုလျင် နှစ်စဉ် အမေရိ ကန်ဒေါ်လာသန်း ရှစ်ထောင်မှ ကိုးထောင်ကြားရှိသည် ဟုသတင်းများတွင်ဆိုသည်။ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ပါမော က္ခတစ်ဦး၏ ပြောဆို ချက်အရ ၂၀၁၃ ခုနှစ် တစ်နှစ်အတွင်းတရုတ်နိုင်ငံသို့ တင်သွင်းသော ကျောက်စိမ်း တန်ဘိုး သည် ဒေါ်လာသန်း ရှစ်ထောင်မျှရှိကြောင်း တရုတ်အစိုးရမှ တရားဝင်ထုတ် ပြန်ခဲ့သည် ဟုဖြစ်သည်။ ( ဘီဘီစီသတင်း) ဂျာနယ်တစ်စောင်တွင် ဦးတေဇ ၏ပြောဆိုချက်အားရေးသားသည်မှာခုနှစ် နှစ်အတွင်းကျောက်စိမ်းရောင်း ချခြင်း မှရရှိသည့်ငွေသည်ဒေါ်လာသန်း တစ်သောင်း ငါးထောင် မျှဖြစ် သည်ဟုဆိုသည်။ တနှစ်လျင်ပျှမ်းမျှ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ ဟုမှတ်ယူရမည်ဖြစ်သည်။
အကယ်၍ကချင်လူမျိုးများသည် ဘားမားဖယ်ဒရေးရှင်းတွင်မပါဝင်ဘဲ မိမိကိုယ်မိမိရပ် တည်ခဲ့ မည်ဆိုလျင် ကချင်ဒေ သသား တိုင်းသည် တစ်နှစ်လျင် အနည်းဆုံး ဒေါ်လာခြောက် ထောင် ဝင်ငွေရှိသောသူဖြစ်နိုင်၏ ( ၂၀၁၅ ဇူလိုင်လ ငွေလဲနှုန်းအရ၊ ၎င်းဝင်ငွေတွင် ရွှေ၊ ပယင်း၊ သစ် စသည့်အခြားထုတ်ကုန်များမပါဝင်)။ အခြားသောထုတ်ကုန်များ ပါဝင်မည် ဆိုလျင် ကချင် ဒေသ သားတစ်ဦးသည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ တစ်သောင်း ( ကျပ်ဆယ်သန်း) ဝင်ငွေရှိသော သူဖြစ်နိုင်လာနိုင်ပြီး ကမ္ဘာတွင်အ ချမ်းသာဆုံးသော သူများစာရင်းတွင်ပါ ဝင်နိုင်လေ သည်။ကချင်ကလေးတစ်ဦး မွေးဖွားတိုင် း ကျပ်ငွေဆယ်သန်းပိုင်ဆိုင်သူဖြစ်နိုင်၏။ ယင်းကဲ့ သို့ ဖြစ်လာ မည်ဆိုလျင် ကချင်ဒေသသားတိုင်းသည် ဖုန်းအ ခွန်ငွေ၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင် မှုများ တွင်အခမဲ့ရရှိနိုင် မည်ဖြစ် သည်။ မိသားစု လေးဦးရှိသော အိမ်ထောင် တိုင်း သည် တစ်နှစ် လျင် ကျပ်ငွေ သန်း ၄၀ အထက်ရှိမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းများအရ တရုတ်ပြည်သို့တင်သွင်းသော ကျောက်စိမ်း တန်ဖိုး သည်ဒေါ်လာဆယ့်နှစ်ဘီလီယံ ရှိကြောင်း တရုတ်အစိုးရမှ တရားဝင်ကြေငြာခဲ့၏( ၆-၇ ၂၀၁၅ ညနေခင်း ဘီဘီစီသတင်း)၊ ၎င်းကျောက်စိမ်းများတွင် တရားဝင်နှင့်တရားမ ဝင်များပါ ဝင်မည် ဖြစ်သည်။ ၎င်းတန်ဖိုးသည် တရုတ်ပြည်သို့တင်သွင်းသော ကျောက်စိမ်းများ သာဖြစ်ပြီး၊ အခြား တိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ဗီယက်နမ် စသည့်တိုင်းပြည် များသို့တင်ပို့သော ကျောက်စိမ်းတန်ဖိုးများမပါဝင်သေး ချေ။တိုင်းပြည်၏အဓိက ထုတ်ကုန်ဖြစ်သည်ဆိုသော သဘာ၀ ဓါတ်ငွေ့ ၏ ဝင်ငွေသည်ပင် ဒေါ်လာသန်းသုံးထောင်ခန့်သာရှိသည်သတင်းများတွင် မကြာခဏ ဖတ်ရှုရ သည်။ ထို့ကြောင့် ခရိုနီများ၏ ကချင်ဒေသထွက် သယံဇာတများ မှ ရရှိသောဝင်ငွေသည် ဓါတ်ငွေ့မှရရှိသည့် လေးဆငါးဆ မကရှိသည်ဟုတွက်ချက် နိုင်ပေသည် (အခြားသော ပယင်း၊ ရွှေ၊ သစ် များအပါအဝင်)။ ၎င်းဝင်ငွေများသည် ကချင်ဒေသသားများပိုင်ဆိုင် ခွင့်ရ မည်ဆိုလျင် ကချင်ဒေသသား ဦးရေတစ်သန်းသည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ တစ်သောင်း ငါးထောင်ဝင် ငွေရှိနိုင် မည်ဖြစ်သည်။ အထက်ဖော်ပြပါ ကိန်းဂဏန်းအတိုင်းမရ ရှိနိုင်ခဲ့သော်ငြား လည်း ယခင်ကချင်ပြည်နယ်အစိုးရ ကောက်ခံ သည့် နှုန်း ၃၃.၃၃ ရာခိုင်နှုန်းကောက် ခံခွင့်ရ မည်ဆိုလျင် ၂၀၁၄ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရသည် ကျောက်စိမ်း တစ်ခုတည်းမှ ဝင်ငွေ ဒေါ်လာ သန်း ၄၀၀၀ ရရှိနိုင်မည်ဖြစ်သည်။ ၎င်းဝင်ငွေရရှိလျင်ပင် ကချင်ဒေသသားများသည် အ လွန်ချမ်းသာသောသူများဖြစ်နိုင်ပေသည်။ ( အခြားထုတ်ကုန်များပင်မပါဝင်သေးချေ) ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှ ယခုစာရေးနေချိန်ထိ ကျောက်စိမ်းမှ ဝင်ငွေ သည် တရုတ်အစိုးရ ၏တရား ဝင်ထုတ်ပြန်မှု၊ ဟားဗတ်တက္ကသိုလ် ပါမောက္ခကြီး၏ သုံးသပ်မှုအ ရဆိုလျင် ၁၀ နှစ်အတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သိန်း ( တစ်ထရီလီယံ) ဖြစ်နိုင်ပေ သည်။ အဘယ့်ကြောင့်ဆိုသော တရားဝင် တင်ပို့သောကျောက်စိမ်း ထက် တရားမဝင် တင်ပို့နေ သော ကျောက်စိမ်း ပိုများနေသောကြောင့်ပင်ဖြစ်သည်။ ကျောက်မျက်ပြပွဲမှ နိုင်ငံတော်သို့ အမှန်တကယ်ဝင်ငွေမှာ အနည်းအကျဉ်း သာလျင်ဖြစ်သည်ဟု သတင်းများအရသုံး သပ်နိုင်သည်။ ၂၀၁၅ ခုနှစ် ဇွန်လ နှစ်လည်ကျင်းပသော ကျောက်မျက်ရောင်းချပွဲတွင် ပုလဲ ရောင်းချရငွေသည် ယူရို သုံးသန်းနှစ်သိန်းရှိပြီး ကျောက်စိမ်းမပါဘဲ အခြားသောကျောက်မျက်များ ၏ စုစုပေါင်း ရောင်းရငွေသည် ဒေါ်လာ သန်း ၅၀ ခန့်သာရှိကြောင်းသတင်းများတွင် ဖတ်ရှုခဲ့ရသည်။ သို့သော်လည်းဖြစ်ပျက်နေသည်မှာ ကျောက်စိမ်း ဟူသည့် ကျောက်မျက် ပစ္စည်း သည် ဒေသခံကချင်လူမျိုးများနှင့် လုံးဝမ သက်ဆိုင်သ ကဲ့သို့ဖြစ်နေလေသည်။ မြန်မာ နိုင်ငံ၏ အချမ်းသာဆုံးသော ထိပ်သီးခရိုနီ အမှတ်စဉ် (၁) မှ (၁၀) ရှိသူအားလုံးသည်လည်း ကျောက်စိမ်းဝင်ငွေဖြင့်ချမ်းသာလာသူများဖြစ်ကြောင်းပြောဆိုလျက်ရှိသည်။ ကျောက်စိမ်းနှင့်မကင်းသောခရိုနီဟူ၍မရှိ သလောက်ပင် ဖြစ်နေတော့သည်။၁၉၉၀ ခန့်တွင် ကချင်ကျောက်သူဌေး တစ်ဦး၏ company သည် ကျောက်စိမ်းတွင်းဒေသတွင် အကြီးဆုံး ဖြစ်ခဲ့သည်။ ခရိုနီများ ဝင်ရောက်လာ သောအချိန်နောက်ပိုင်း တွင် ကချင်company ၏ အကြောင်းပြောဆိုသူ ပင်မရှိ သလောက်ဖြစ် သွားတော့သည်။
သို့ဖြင့် ကျောက်စိမ်းတွင်းဒေသသည် ငွေရှာလွယ်သည့်ဒေသဖြစ်လာသည့်အလျောက် နိုင်ငံတဝှမ်းရှိ အယုတ်အ လတ် အမြတ်မရွေး ရောက်လာကြေတော့သည်။ လူဦးရေသည်လည်း မန္တလေးမြို့ရှိလူဦးရေ ထက်သာလွန်သွားတော့သည်။ ရောက်လာ သူများမှာလည်း ကျောက်စိမ်းရှာ ဖွေရန် စိတ်ကူးတစ်ခုတည်းသာဖြစ်ရာ အခြားသော စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းလုပ် ကိုင်သူမရှိသလောက်ပင်ဖြစ်လေသည်။ ၎င်းလူဦးရေအား ကျွေးမွေးရန်အတွက် စားသောက် ကုန်များအား အောက်ဖက်အရပ်မှ ပို့ဆောင်ပေးခြင်းဖြစ်လေသည်။ ဆန်၊ဆီ၊ ဆား၊ပဲ၊ ကြက်သွန်၊ ငရုတ်၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက် ၊ အဝတ်အထည်၊ စက်ပစ္စည်း မှစပြီး မည်သည့်လူသုံး ကုန်မျှမကျန် အောက်ဖက်မှ တင်ပို့ရောင်းချပေးရတော့သည်။ သို့ဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း အစရှိသည့် ဒေသမှ တောင်သူများ၊ စားကုန်သောက်ကုန်၊ လူသုံးကုန်ပစ္စည်း ကုန်သည်များအလွန်အ လုပ်ဖြစ်လျက်ရှိတော့သည်။ ၎င်းတို့အားလုံးသည် လည်း ကျောက်စိမ်း တွင်း ဒေသအား မှီခိုကာ လုပ်ကိုင်စားသောက်နေသူများ ဖြစ်နေကြတော့သည်။ ၂၀၁၁ တွင် အစိုးရတပ်နှင့် ကေအိုင်အေလက်နက်ကိုင်များအကြား တကြော့ပြန် စစ်ပွဲဖြစ် လာရာ ၂၀၁၂ ဇန်နဝါရီလတွင် ကျောက်စိမ်းတွင်းဒေသ တွင်ကျောက်မျက်တူး ဖော်နေသူများ အကြောင်းအမျိုးမျိုးကြောင်း ပြန်လည် ထွက်ခွာလာကြသည်။ နှစ်ရက်သုံးရက်အ တွင်း လူပေါင်း သိန်းဂဏန်းမျှ ဖါးကန့်ဒေသမှ ထွက်ခွာလာရာ အောက်အရပ်မှ ကုန်ပစ္စည်းပို့ ဆောင်နေ သူများအ ခက်အခဲဖြစ်ခဲ့ရတော့သည်။ မန္တလေးမြို့ စဉ့်ကိုင်ဖက်မှ ဆီစက်ကုန် သည် တစ်ဦး သည် တိုက်ပွဲဖြစ်ပြီး ငါးရက်အကြာတွင် ၎င်းပိုင်ဆီစက် နှစ်လုံးစလုံးအားရပ်နားလိုက်ရပြီး ဝန်ထမ်း (၁၅) ဦးခန့်ကိုလည်းအလုပ်မှခေတ္တရပ်နားခိုင်းလိုက်ရကြောင်း မိတ်ဆွေတစ် ဦးပြော ပြသဖြင့် သိရရှိခဲ့ရသည်။
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရှိကုန်စိမ်းသည်အမျိုးသမီးတစ်ဦးသည်လည်း ၎င်း၏ကုန်စိမ်းများအားဟိုင်းလပ်ကား တစ်စီးအပြည့် တင်ကာ ဖါးကန့်သို့ပို့ဆောင်ရန်စီစဉ်နေစဉ်မှာပင် လမ်းပိတ်သွားသဖြင့် မိုးကောင်းမြို့သို့ပြန် လည်ထွက် ခွာလာ သည်။ မိုးကောင်းဖါး ကန့်လမ်းလည်းပိတ်သွားပြန်သဖြင့် စောင့်ဆိုင်းနေပြန်သည်။ လမ်းကမပွင့် ကုန်စိမ်းများက ပုတ်သိုးစပြုလာသဖြင့် မြစ်ကြီးနားမြို့သို့ ရရာဈေးဖြင့်ရောင်းချရန် လာရောက်ရာ မြစ်ကြီးနားတွင်လည်း ဖါးကန့်သို့တင်ပို့ မည့် ကုန်စိမ်းများ ပြည့်နေပြန်ရာ နောက်ဆုံးမ ရောင်းရဘဲယူချင်သူယူအလကားပေးလိုက်ရကြောင်း ၎င်းကိုယ်တိုင် ပြောပြသဖြင့်ကြားသိခဲ့ရသည်။ပိုဆိုးသည်မှာဖါးကန့် ကျောက်စိမ်း တွင်းများပိတ်တော့မည်ဟုသတင်းများကြောင့်တရုတ်ပြည်ရှန်ဟိုင်းရှိကျောက်စိမ်းဈေးကွက်နှင့်ပတ်သက်သည့်စတော့ရှယ်ယာ ဈေးကွက် တွင် ဈေးနှုန်းများကမောက်က မဖြစ်ကာ အမြတ်ရသူများနှင့် ရှုံးသူများဖြင့် ပွက်လောရိုက်နေကြောင့် မြစ်ကြီးနားမြို့ တရုတ် အချို့မှပြော သံကိုလည်းကြား ခဲ့ရသေးသည်။ ၎င်းအချက်ကိုကြည့်ခြင်းအားဖြင့် ကျောက်စိမ်းသည် တရုတ်ပြည်၏ စတော့ဈေးကွက်ကိုပင် လွှမ်းမိုးနိုင် သည်ကိုတွေ့ရသည်။ ကျောက်စိမ်းထုတ်ကုန်သည် မြန်မာပြည် စီးပွားရေးလောကတွင်မည်မျှ ချုပ်ကိုင်ထားသနည်းဟုမေးခွန်း ထုတ်ရမည်ဆိုလျင်၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ် ၏အတွဲ(၁၃) အမှတ် (၄၂) တွင်ရေးသားထားသည်မှာ- ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ကျောက်စိမ်းဝိုင်းအနောက်ပေါက် ၄၁ လမ်း၊ ၈၄ လမ်း၊ ၃၈ လမ်းမှ ဦးပေစိ ဘုရားမျက်နှာချင်းဆိုင် ကွင်းအထိ၊ တရားဝင်ချီတက်ဆန္ဒပြကြရာ အင်အားလေးသောင်းနှင့် လိုက်ပါအားပေးသူ ငါးသောင်းကျော်ပါဝင်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံစစ်တပ်ထိပ်သီးဗိုလ်ချုပ်ကြီးများ၏ မိသားစု ဆွေမျိုးများ၊ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးများ၏အသည်းနှလုံးသည် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် တစ်နေရာတွင်တည်ရှိကြောင်း၊ တရားဝင်ရော၊ တရားမဝင်ရော တင်ပို့သည့်ကုန်သွယ်မှုလမ်း ကြောင်းနှစ်ခုပေါင်း မည်ဆို ပါက အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှ ၉ ဘီလီယံအထိ ရှိနိုင်ပြီး တရားမဝင်လမ်းကြောင်းကို အစိုးရထိန်းချုပ် ဟန့်တား လိုက်ပါက ၎င်းတို့ပိုင်ကုမ္မဏီများ၊ ၎င်းတို့နှင့်နီးစပ်သူကုမ္မဏီများ၏အ ကျိုးစီးပွားကိုထိခိုက် ဖွယ်ရှိကြောင်း၊ ဖါးကန့်မြို့ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးကပြောကြောင်း၊ မမြင်ချင်ယောင်ဆောင်ထားသော မြန်မာ့ကျောက်စိမ်းအနာဂါတ် ခေါင်းစဉ် အမည်ဖြင့် ကလောင်ရှင် မိုးညိုဆိုသူကရေးသားထား၏။
ယင်းအချက်ကိုကြည့်ခြင်းအားဖြင့် မန္တလေးမြို့တစ်မြို့တည်းတွင်ပင် ကျောက်စိမ်းရောင်းဝယ်လုပ်ငန်းလုပ်ကိုင်နေ သူမည်မျှ ရှိကြောင်း ကိုတွေ့ရှိရသည်။ စုစုပေါင်း လူအင်အားတစ်သိန်းခန့်ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ လူတစ်သိန်းဆို သည်မှာ လူတစ်ဦး လျင် မှီခိုသူ မိသားစု သုံးဦးဆိုလျင် လူဦးရေ လေးသိန်းခန့် သည်ကျောက်စိမ်းလုပ်ငန်းဖြင့် အသက်ရှင်နေ ထိုင်နေ ကြသည်ဟုဆိုဖွယ် ရာဖြစ် သည်။ လူဦးရေလေးသိန်း နှင့် ဆက်စပ်နေသော အခြားသော အသက်မွေးဝမ်းကြောင်း နေသူအများအပြားရှိနေသည်။ ဥပမာ-လဖက် ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ကွမ်းယာဆိုင်၊ ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်း၊ တည်းခိုခန်းများအစရှိသဖြင့် ပေါင်းစပ်လိုက်လျင် လူဦးရေ သန်း ဂဏန်းမျှဖြစ်နေသည်။ ဖါးကန့်ဒေသရှိ လူဦးရေ ဆယ်သိန်းခန့်နှင့် ထပ်မံဖြည့်စွက်မည်ဆိုလျင် ကျောက်စိမ်း လုပ်ငန်းဖြစ်အ သက်မွေး ဝမ်းကြောင်းသူများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော လုပ်ငန်းများတွင်လုပ်ကိုင်နေသူများ၏ဦးရေသည် ၅သန်းခန့်ထက်မ လျှော့နိုင်ဟု တွက်ချက်ရပေမည်။ ဖါးကန့်ဒေသသို့ စီးပွားရေးအတွက်ရောက်လာကြရာတွင် ကောင်းသောလုပ်ငန်း၊ မကောင်းသောလုပ်ငန်းဖြင့် စုံလင်လျက်ရှိ လေသည်။ မကောင်းမှုဖြင့် လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းတွင် မူးယစ်ဆေးဝါးလုပ်ငန်းသည်အ ဆိုးဆုံးဖြစ်လေသည်။ မြန်မာတနံ တလျားမှ ရောက်ရှိလာသော လူငယ်လူရွယ်များအား ပစ်မှတ်ထားကာ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများ၏ ငွေတွင်းကြီးလည်း ဖြစ်နေ တော့သည်။ ဖါးကန့်ဒေသရှိ မူးယစ်ဆေးစွဲနေသူများသည် ဘဝရှုံးကာ မူးယစ်နွံအတွင်းမှ မထွက်နိုင်ဘဲဖြစ်နေကြ၏။ ၎င်းတို့အားမူး ယစ်ဆေးဝါးရောင်းချပေးနေသောနေရာများသည် လိုင်စင်ရ ဆိုင်များ အလား ဖြစ်နေတော့သည်။ ၎င်းတို့အသုံးပြုပြီး စွန့်ပစ်ထားသော ဆေးထိုးအပ်များသည် တောင်ပုံရာ ပုံပင် ဖြစ်နေသည်ကို သတင်းဓါတ်ပုံများတွင်မမြင်ချင်အဆုံးဖြစ်နေတော့သည်။
၂၀၁၂ ခုနှစ်တွင် မြစ်ကြီးနားမြို့ရှိ ကျောက်စိမ်း လုပ်ငန်းလုပ်ကိုင်ကြသော ကချင်လုပ်ငန်းရှင်အချို့သည် စာရေးသူထံလာ ရောက်ကာ မြစ်ကြီးနားမြို့တွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းပြီး ကျောက်မျက်ရောင်းချသည် ဈေးတန်းတည်ဆောက် လိုပါသဖြင့် နိုင်ငံတော်အစိုးရထံစီမံချက် ( Proposal) တင်သွင်းကာ ခွင့်ပြုမိန့်တောင်း လျှောက် လိုပါသောကြောင့် proposal ရေးပေး ပါရန် အကူအညီလာတောင်းကြသည်။ စာရေးသူမှလည်း စီမံချက်အား အချိန်ယူကာ ရေးပေးခဲ့သည်။ ၎င်းတို့မှလည်း သမ္မတ ကြီးထံ သွားရောက်တင်ပြရာ ခွင့်ပြုမိန့်ရရှိခဲ့ကြသည်။ ထို့နောက် မြစ်ကြီးနားမြို့ စက်မှုဇုန်အနီးတွင် ကျောက်မျက်အသင်းရုံး၊ နှင့် ကျောက် မျက်ဈေးတန်း တည်ဆောက်ကာ တရားဝင်သယ် ဆောင်ရောင်း ဝယ်ကြသည်။ သို့ဖြင့် ၎င်းအဖွဲ့အစည်းသည်၂၀၁၃ ခုနှစ် နြေ့ပည်တော်တွင်ကျင်းပသည့် ကျောက်မျက်ပြပွဲ ( Emporium ) တွင်သွား ရောက်ကာ ကျောက်စိမ်းကျောက်မျက်အချို့အား တရားဝင်လေလံဆွဲကာဝယ်ယူကြ၏။ ထို့နောက် မြစ်ကြီးနားမြို့ သို့ပြန်လည်သယ် ဆောင်မည်ပြုလုပ်ရာ ၎င်းကျောက်စိမ်းများအား မြစ်ကြီးနားမြို့သို့ ပြန်လည်သယ်ဆောင်ခွင့်မ ပြုနိုင် ကြောင်း သက်ဆိုင်ရာအရာရှိများက ပိတ်ပင်တားဆီးသဖြင့် အခြေအတင်ဖြစ်ခဲ့ကြ၏။ နောက်ဆုံးဖမ်းချင်ရင်လည်းဖမ်းပါ၊ တရားဝင် ဝယ်ထားတာ၊ နိုင်ငံခြားကိုတောင်သယ် သွား ခွင့်ရှိပြီး ကိုယ့်တိုင်းပြည်တွင်းမှာ ပြန်သယ်ယူတာ ဖမ်းချင်ဖမ်း ဆိုပြီး သယ် ဆောင်မည်ပြုသည့်အခါမှ သယ်ဆောင်ခွင့် ပြု ခဲ့ကြောင်း၊ ၎င်းအဖွဲ့အစည်း၏တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး စာရေးသူအား စိတ်ပျက်လက်ပျက်ပြောပြခဲ့သည်။ နှစ်ရာချီ ထွက်ရှိနေသော ကချင် လူမျိုးမျုားပိုင် ကျောက်စိမ်း အား ကချင်လူမျိုးများ မှ အသက်မွေးဝမ်းကြောင်း မပြုလုပ်နိုင်ရန်အတွက် ဖြစ်သည်ဟုဆိုလျင် မှားမည်မ ထင်ပါ။ လွန်ခဲ့သော နှစ် ၃၀-၄၀ ခန့်မှ စတင် ကာရန်ကုန် အင်းလားလိတ်ဟော်တာ်တွင်နှစ်စဉ်ကျောက်မျက်ပြပွဲကျင်းပခဲ့၏။ မန္တလေးမြို့ ရှိကျောက်ဝိုင်းသည် လွန်ခဲ့ သောနှစ် ၄၀ကျော်ကတည်းက စည်ကားနေပြီးဖြစ်၏။ နောက်ပိုင်း စစ်ကိုင်းရှိ ရပ်ကွက်အချို့တွင်တွင် တရပ်ကွက်လုံး ကျောက်စိမ်း အချောထည်လုပ်ငန်းဖြင့် ကြီးပွားနေကြသော်လည်း ကချင်ဒေသတွင် ၂၀၁၂ ခုနှစ်ရောက်မှ ကျောက်မျက် အသင်းဖွဲ့စည်းခွင့်နှင့် ရောင်းဝယ်ခွင့်ရရှိကြလေ၏။ ရောင်းချခွင့်တွင် အရည်အသွေးကောင်းမွန်သော A နှင့် B အတန်း အစားများ မပါဝင်ချေ၊ C နှင့် D အဆင့်များကိုသာခွင့်ပြုထားပြန်လေ၏။ ကချင်ဒေသ မိုးကောင်း၊ မြစ်ကြီးနား အစရှိသည့် နေရာများတွင် ကျောက်မျက်လုပ်ငန်း အကြီးအကျယ်ဖြစ်လာမည်ဆိုလျင် အောက်ပိုင်းသားများ သိန်းဆယ်ချီကာ အလုပ် လက်မဲ့ဖြစ်လာမည်ဖြစ်သည်။ ကချင်လူမျိုးများ ကျောက်စိမ်း လုပ်ငန်း ကျွမ်း ကျင်ကာ အခြားသူများထက် ခေါင်းငါး လုံးပိုမြင့် လာ မည်ကိုလည်း ဟန့်တား ထားခြင်း ပင်ဖြစ်၏။
ယခင်ပါလီမန်အစိုးရလက်ထက်ကချင်ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်အတော်အတန်ရှိစဉ်ကျောက်စိမ်း အချောထည် လုပ်ငန်း အ တွက် ရည်ရွယ်ချက်ထားရှိသည်မှာ- “ကချင်ပြည်နယ်အစိုးရသည် ကျောက်သွေးအနုပညာ သင်ကြားရန် ဟောင်ကောင်သို့ပညာ သင် များစေလွှတ်ထားပါသည်။ အစိုးရ၏ရည်ရွယ်ချက်မှာ မြန်မာပြည်တွင်ပင် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက် တည်ထောင်ရန်ဖြစ်သည်” ( ကချင်ပြည်နယ်အစိုးရ နှစ်လည်စာစောင်၊ စာ-၁၂၄၊ ၁၉၅၇) နဝတ၊ နအဖ အစိုးရခေတ်ရောက်သောအခါ ကျောက်စိမ်းတူးဖော်ခြင်းအား ဆတိုး ထုတ်လုပ်လာရာ၊ ၂၀၀၀ ခုနှစ်ကျောက် မျက်ရောင်းပွဲတွင် ဒေါ်လာသန်း ငါးရာကျော် ( တရားမဝင်မှောင်ခိုဈေးကွက်တွင် ဆယ်ဆခန့်) ၊ ၂၀၀၇ ခုနှစ် တွင် ဘေဂျင်း အိုလံပစ် မရောက်ခင် ဒေါ်လာသန်း ၁၀၀၀ ခန့်၊ ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ၄၃၅ . ၆၉ သန်း၊ ၂၀၁၀ တွင် ၁၇၅၀. ၈၄၊ ၂၀၁၁ တွင် သန်း ၂၄၀၀ကျော်၊ နှစ်လည်ရောင်းပွဲတွင် သန်းပေါင်း ၁၅၀၀ ( တစ်နှစ်နှစ်ကြိမ်ပြုလုပ်သည်) ထို့ကြောင့် ၂၀၁၁ တွင် သန်းပေါင်း ၃၂၅၀.၈၄ ရရှိခဲ့သည်။ ၂၀၁၂ တွင် သန်းပေါင်း ၂၀၀၀ ခန့်၊ ၂၀၁၃ တွင် ၂၀၀၀ကျော်၊ ၂၀၁၄ တွင် သန်းပေါင်း ၃၄၀၀၊ ၂၀၁၅ ဇွန်လရောင်းပွဲတွင် ယူရို ၉၄၉ ( ဒေါ်လာ သန်း ၁၂၀၀ ခန့်) ရှိခဲ့လေသည်။ တရားမဝင်ထွက်သွားသော တန်ဖိုးမှာ ဆယ်ဆခန့်ရှိသည်ဟုအကြမ်း ဖျင်းတွက် လျင်ပင် ဒေါ်လာ သန်းပေါင်းတစ်သိန်းခန့် ရှိနိုင်မည်ဟုခန့်မှန်းရပေသည်။ ကျေက်စိမ်းရောင်းဝယ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ မှတ်သားထားမိသမျှအချို့သောအချက်များကိုဖော်ပြရမည်ဆိုလျင် “တရုတ် နိုင်ငံတွင် အိုလံပစ်မကျင်းပမီကပင် ကျောက်စိမ်းဝယ်လိုအားတိုးလာမည်ဟုခန့်မှန်းရာ မှန်းသည့်အတိုင်း ၂၀၀၇ ခုနှစ်ကထက် နှစ်ဆ မြင့်တက်ခဲ့ကြောင်း၊ ကျောက်စိမ်းအရောငးသည် တရုတ်နိုင်ငံ၏ ဆွဲအားအပေါ်မူတည်ကြောင်း အထင်အရှားတွေ့ မြင်ရခြင်းဖြစ်သည်။ မြန်မာ့ကျာက်စိမ်းရောင်းချမှုသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသာထင်ရှားစွာ တိုးတက်ခဲ့ရာ ၂၀၀၈ တွင် ဒေါ်လာ ၄၃၅.၆၉ သန်း ရောင်းချနိုင်ရာမှ ၂၀၁၀ တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇၅၀.၈၄ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည် (The voice journal ၏မတ်လ ၂၁-၂၇၊ ၂၀၁၁၊ ထုတ် စာမျက်နှာ ၁၈ ) ၂၀၁၁ ခုနှစ်ဆန်းပိုင်းထုတ်ဝေသော ဂျာနယ်တစ်စောင် ( အမည်မမှတ်မိ) တွင် ၂၀၁၁ မတ်လကျောက်မျက်ပြပွဲတွင် ကျောက် စိမ်းတစ်ခုတည်းမှ ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံရှိကြောင်း၊ ဇူလိုင်လ ၁၇ရက် ၂၀၁၁ နံနက် RFA လေလှိုင်း သတင်းတွင် ၂၀၁၁ မတ်လကျောက်မျက်ပြပွဲတွင် ကျောက်များအားလုံးမှ ၂.၈ ဘီလီယံဖြစ်ကြောင်း ကျောက်စိမ်းအတွဲပေါင်း ၁၄၀၀၀ ခန့်ဖြစ်ကြောင်း၊ သို့သော်လည်း ဇူလိုင်လပြပွဲတွင် ကျောက်စိမ်းနှင့် အခြားသောကျောက်မျက်မှ ဝင်ငွေသည် ဒေါ်လာသန်း ပေါင်း ၁၅၀၀ သို့ကျဆင်းသွားကြောင်း ( ကျောက်စိမ်းအတွဲပေါင်း ၂၂၃၁၇တွဲ၊ ကျောက်မျက်အတွဲပေါင်း ၂၈၄တွဲ၊ ပုလဲအတွဲပေါင်း ၂၄၄ တွဲ) ၊ တရုတ်ပြည်ကုန်သည်များ၏ ဝယ်လိုမှုအပေါ်မူတည်ကြောင်း၊ မတ်လပြပွဲထက်ထက်ဝက်မျှကျဆင်းသွားကြောင်း၊ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI) မှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ( မင်းထက်စံရေးသားသည့် ၂၀၁၁ ခုနှစ် ဇူလိုင် ၁၉-၂၄ ထုတ် The voice ဂျာနယ်၊ မျက်နှာဖုံးဆောင်းပါး) ၂၀၁၀ နောက်ပိုင်းတွင် မြန်မာငွေတန်ဖိုး ၁၇%နှုန်းခန့်ကျဆင်းသွားခဲ့သည့်အတွက် ပို့ကုန်သမား အားလုံးနီးနီး ထိခိုက်ခဲ့ပြီး မထိခိုက်သည့် ပို့ကုန်မှာ ကျောက်မျက်ကဏ္ဍဟု လူပြောသူပြောများရလောက်အောင် မြန်မာ့ကျောက်မျက်ဈေးကွက်ခိုင်မာခဲ့သည်၊ ( ၂၀၁၁ မတ်လ ၂၁-၂၇၊ ထုတ် The Voice၊ ဇေယျသူ၊ စာ-၂၁) အထက်ဖော်ပြပါကိန်းဂဏန်းများသည် စုဆောင်းရသမျှမှ အနည်းအကျဉ်းကိုသာတင်ပြနိုင်ခြင်းဖြစ်သည်။ ၎င်းကိန်းဂဏန်းများ သည် အစိုးရ၏တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများသည်ဖြစ်မည်ဖြစ်သည်။ တရားမဝင်ထုတ်လုပ်တင်ပို့သော ကိန်းဂဏန်းမှာ ၁၀ ဆယ်မကပိုများနိုင်သည်ဟု ကျောက်လောကသားတိုင်းက ခန့်မှန်းပြောဆိုလျက်ရှိကြသည်။
အထက်ဖော်ပြပါရောင်းရငွေသည် အချောထည်မဟုတ်ချေ၊ အရိုင်းတုံးများအား မျက်မြင်အခြေအနေအတိုင်း ရောင်းချခြင်းသာ လျင်ဖြစ်သည်။ အကယ်၍ အချောထည်ပြုလုပ်ပြီးရောင်းချမည်ဆိုလျင် တန်ဖိုးသည် ဆယ်ဆမကပိုမိုရရှိနိုင် မည်ဟုကျောက်စိမ်းလော ကသားများက တွက်ချက်ကြသည်။ ကမ္ဘာတွင်ထင်ရှားသော စိန်ကုမ္ပဏီကြီးများဖြစ်သည့် Debeer, Carteer တို့၏ စိန်အရောင်း အဝယ်လုပ်ငန်းသည် ကျောက်စိမ်းဈေးကွက်နှင့်နှိုင်းယှဉ်လျင် အသေးအဖွဲမျှသာဖြစ်သွား ကြောင်း စိန်ရောင်းသူပွဲစား တစ်ဦးပြော သည် ကိုမှတ်သားရသည်။ ထို့ကြောင့်တရုတ်ပြည်တွင်ကျောက်စိမ်းလုပ်ငန်းနှင့်ပတ်သက်၍တွက်ဆကြည့်ပါက၎င်းတို့တင်သွင်းသောအရိုင်း တုံးတန်ဖိုး သည် ဒေါ်လာသန်းပေါင်း ၁၂၀၀၀ရှိ၏။ ၎င်းတို့အား အချောထည်ပြုလုပ်ပါက ရရှိမည့်အဆသည် အနည်းဆုံး ငါးဆဖြင့်ပင်တွက် မည်ဆိုလျင် ဒေါ်လာသန်းပေါင်း ၆၀၀၀၀ မှ ၈၀၀၀၀ ကြားတွင်ရှိမည်ဖြစ်သည်။ ၎င်းကိန်း ဂဏန်းသည် တရုတ်နိုင်ငံ GDP ၅ရာခိုင်နှုန်း မကရှိနေပြီဖြစ်ရာ တရုတ်နိုင်ငံစားသုံးသူဈေးကွက် ၏ ၅ ရာခိုင်နှုန်းအထက် သည် ကျောက်စိမ်း လုပ်ငန်းဖြစ်နေသည်ဟု ဆိုနိုင်ရာ ဖြစ်နေသည်။ ( တရုတ်နိုင်ငံ၏ ကျောက်စိမ်းအရိုင်းတုံးတင်သွင်းမှု အမေရိကန်ဒေါ်လာသန်း ၁၂၀၀၀၊ အချောထည်ပြု လုပ်ပြီး နောက် တန်ဖိုး ၅-၈ ဆ ရှိမည်ဆိုလျင် ဒေါ်လာသန်းပေါင်း ၈၀၀၀၀ ခန့်၊ ဆယ်နှစ် ဆိုလျင် ဒေါ်လာသန်းပေါင်း ရှစ်သိန်းခန့် (-၈၀၀၀၀၀/-) ဟုတွက်ချက်နိုင်ပေသည်) ယခင်ကာလက ကျော်စိမ်းတူးသူများသည် ပေါက်ပြား၊ ဂေါ်ပြား၊ သံတူရွင်း၊ သံတိုင် များဖြင့်သာ တူးဖော်ခဲ့ရမှ နောက်ပိုင်း တွင် စက်ယန္တယားကြီးများကိုအသုံးပြုလာကြတော့သည်။နောက်ပိုင်း မြင်းကောင်ရေအား ၅၀၀ ခန့်ရှိသော ဘူဒိုဇာ၊ မြေကော်မြေတူးစက် ( Back Hoe) များကိုအသုံးပြုခဲကြသည်။ နောက်ဆုံး လောဘအသောမသတ်နိုင်သောအခါ မြင်းကောင်ရေ ၂၅၀၀ ရှိ မြေကော်မြေ တူး စက်ကြီးများ၊ မြင်းကောင်ရေ ၉၀၀၀ရှိစက်ကြီးများကိုပင်အသုံးပြုနေကြတော့သည်။ မြေသယ်ကားများဆိုလျင်မြန်မာပြည်မည် သည့်နေရာတွင်မျှမရှိသောစက်မြေသယ်ယဉ်များကိုအသုံးပြုနေ ကြတော့သည်။ စက်၏တာယာဘီးလုံးသည်ပင်လူတစ်ရပ်ကျော်ရှိ သည်ကိုတွေ့ရသည်။မြေစာတန်ချိန်၈၀ တင်နိုင်သာ မြေသယ်ယဉ်ကြီးများလည်းရှိသည်ဟုဆို၏။ ဖါးကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရန် အသုံးပြုနေသော စက်ယန္တယားအင်အားသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော စီမံကိန်းဖြစ်သည်ဆိုသည့် တရုတ်နိုင်ငံ ယန်စီမြစ်ကိုဖြတ်တည်ဆောက်ထားသည့် မြစ်သုံးသွယ် ဆည်စီမံကိန်းတွင် အသုံးပြုသောစက်ယန္တယား များထက် ဆယ်ဆမက ပိုမိုများ ပြားသည်ဟုဆိုကြသည်။ မြစ်သုံးသွယ်စီမံကိန်းတွင် အလုပ်သမား နှစ်သောင်း အသုံးပြုသည် ဆိုသော် လည်း ဖါးကန့်တွင် အလုပ်သမား အင်အားသိန်းချီပါဝင်ဆင်နွှဲနေကြလေရာ ကမ္ဘာပေါ်ရှိမည်သည့်စီမံကိန်းမှဖါးကန့်ဒေသအားတုနှိုင်းဖွယ်ရာမရှိတော့ချေ။ ကာလအကန့် အသတ်လည်းမရှိတော့ချေ။ မကုန်မချင်းတူးမည့်သဘော ပင်ဖြစ် လေ၏ ယင်းကဲ့သို့ ဒေါ်လာဘီလီယံချီရနေပါလျက် ဖါးကန့် ဒေသအားပိုင်ဆိုင်ထားသည့် ကချင်ပြည်နယ်ဒေသ သားများ အတွက်မှာမူ ဆင်းရဲတွင်းမှ မလွှတ်မြောက်နိုင်ဘဲဖြစ်နေရသည်။ ၂၀၁၅ ခုနှစ် ကချင်ပြည်နယ်အစိုးရ၏ ရသုံးမှန်းချေ ငွေလုံး ငွေရင်း အမေရိ ကန်ဒေါ် လာသန်း ၃၀၀ ခန့်ဖြစ်သည်ဟုဆို၏။ သို့သော်လည်း ဗဟိုအစိုးရမှ ချပေးသော ငွေလုံး ငွေရင်း သည် ဒေါ်လာသန်းပေါင်း ၁၅၀ ခန့်နှင့် ညီမျှသောငွေဖြစ်သည်ဆို၏။ ကျောက်စိမ်းလုပ်ငန်းမှ တရားဝင်ရော တရား မဝင်ရော ပေါင်းရသည့် ငွေပမာဏ၏ တစ် ရာခိုင်နှုန်း ပင်မရှိချေ။ ယခင်က ဥပဒေအတိုင်း ၃၃.၃၃ ရာခိုင်နှုန်းကောက်ခံခွင့် ဆိုသည်မှာ ယုံတမ်းစကားသာဖြစ်ချေတော့သည်။
ယင်းကဲ့သို့ ကမ္ဘာ့အကြီးဆုံးသော သတ္တုတွင်းကြီးမှ နှစ်စဉ် ဒေါ်လာဘီလီယံချီကာဝင်နေသော်လည်း ဖါးကန့်သို့ သွားရာ လမ်းမကြီး၏ အနိဌါရုံကား သြချလောက်ပေသည်။ ၎င်းဝင်ငွေဖြင့် မြစ်ကြီးနားဖါးကန့်လမ်းမိုင်ရှစ်ဆယ်အား ရွှေချ၍ပင်ရနိုင်၏။ သို့သော်လည်း ဖါးကန့်လမ်းသည် ကမ္ဘာပေါ်တွင်အဆိုးဆုံးသောလမ်းတွင်ပါဝင်သည်ဟုသတ်မှတ်ရမလိုဖြစ်နေ၏။ ကတ္တရာလမ်းပင် ယခင်တစ်နှစ်ကျော်လောက်ကမှ စတင်ခင်းစပြု၏။ မိုးတွင်းချိန်ခါ ဆိုလျင် သွားလာသောကားများ အား ဆင်ဖြင့်ရွှံ့ှဗွက်နွံတွင်း မှဆွဲထုတ် ယူရ၏။ လမ်းမကောင်းသဖြင့် ညအိပ်ခရီး သွားရ၏။ ၂၀၁၃ မတိုင်ခင်က ဖါးကန့်မှ ထွက်ရှိလာသော ကျောက်စိမ်းများသည် မိုးကောင်းမရောက်မီ ရှစ်မိုင်လမ်းခွဲမှ အောက်အရပ် မန္တလေးသို့ သယ်ယူကြ၏။ မြစ်ကြီးနားသို့ သယ်ဆောင်ခွင့်မပြု၊ အောက်အရပ်သို့ အတားအဆီး မရှိစီးဆင်းသည်ကို တားဆိးခြင်းမပြု၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်အများရှိသော ဒေသသို့မရောက်ရန်သာ အရေး ကြီးသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။ ကချင်လူထု၊ ကချင်လူငယ်များ ကျောက်စိမ်းဖြင့် အသက်မွေးဝမ်းကြောင်းမ ပြုနိုင်ရန် တားဆီးထားခြင်းပင်ဖြစ်သည်။ သို့ဖြင့် ဥပဒေသည် ကချင် လူမျိုးများအတွက် သယံဇာတကျိန်စာပင်ဖြစ်နေ တော့သည်။ ဖောင်စီးရင်းရေငတ်ဆိုသည်မှာ ကချင်လူမျိုးများပင်ဖြစ်၏။ နောက်ပိုင်း ကျောက်မျက် အသင်းနှင့် ဈေးတန်း ဖွင့်ခွင့်ရသော် လည်း ဖမ်းဆီးသည့်သတင်းများလည်းကြားနေရဆဲပင်ဖြစ်သည်။
ကျောက်မျက်ရတနာ၏တန်ဖိုးသည် ရှားပါးခြင်းအပေါ်တွင်မူတည်သည်။ထို့ပြင်နှစ်သက်မြတ်နိုးလိုချင်တပ်မက်မှု( Sentimental value) အပေါ်တွင်လည်းမူတည်၏။ တန်ဖိုးထားတတ်သော လိုချင်သောသူအတွက် ဆိုလျင် မည်မျှပင်ပေးရပေးရပေးမည်ဖြစ်သည်။ လွန်ခဲ့သော အချိန်များကမိတ်ဆွေတစ်ဦးပြောပြသည်ကိုအမှတ်ရသည်။ ဖါးကန့်မှကျောက်ရောင်းဝယ်လုပ်ကိုင်သူတစ်ဦးမှသူပိုင်သော ကျောက်စိမ်း အား မန္တလေးမြို့သို့ သွားရောက်ရောင်းချ၏။ ၎င်းကျောက်စိမ်းအား မန္တလေး ဝယ်လက်များကိ မြန်မာကျပ်ငွေ ငါးသိန်းပင်မပေး ဟုဆို၏။ စိတ်ပျက်လက်ပျက်ဖြင့် မူဆယ် ရွှေလီ သို့ယူဆောင်သွားပြီး ရောင်းချရာ ၎င်းကျောက်အား လိုချင်သည့် ရှန်ဟိုင်း တရုတ်တစ်ယောက်က တရုတ်ယွမ်ငွေ သုံးသိန်းပေးဝယ်၏။ ၎င်းကျောက်ရောင်းချသူအား ကျေးဇူးတင်သည့်အနေဖြင့် ညစာ စားပွဲပင်ပြုလုပ်ပေးသည်ဟုဆို၏။ ဝယ်ယူသူသည် ၎င်းကျောက်စိမ်းတုံးအား ၎င်း၏အိမ်တွင် အဆောင်အဖြစ် ထားရှိမည်ဖြစ်သည် ဟုဆို၏။ ရှားပါးခြင်းနှင့်လိုချင်တပ်မက် မှုသည် တန်ဖိုးပိုမိုကြီးမားစေ၏။ ၎င်းအဖြစ်အပျက်သည် မှန်သည်ဟုယူဆနိုင်ပေသည်။ ယင်းကဲ့သို့ ထုတ်လုပ်နေမှုများကြောင်း လွန်ခဲ့သော ၇ နှစ်နှစ်ခန့်မှ ဖါးကန့်မြို့တွင် ရေကြီးခြင်း အားနှစ်တိုင်းကြုံ တွေ့လာ ရတော့သည်။ယခင်ကဖါးကန့်တွင်ရေကြီးသည်ဟုပြောလျင်ယုံတမ်းစကားပြောသည်ဟုအထင်ခံရမည်ဖြစ်သည်။ယခုအခါ သဘာ၀ ဘေးဆိုးများကြုံတွေ့နေရပြီးဖြစ်သည်။ မြေပျိုသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရသည့် သတင်းများ မကြားချင်အဆုံး ပင်ဖြစ် တော့ သည်။ ပြေစာပုံပျိုသဖြင့် သေအပျောက်များလည်း စတင်ကြုံတွေ့ခံစားနေကြရပြီဖြစ်သည်။ လူလုပ်၍ သဘာဝကပေးသော ပြစ်ဒဏ်များ ပင်ဖြစ်တော့သည်။ ကမ္ဘာတွင် ကိုလိုနီဖြစ်ပေါ်လာခြင်းသည် သယံဇာတ (သို့) အကျိုးစီးပွားများလုယူကြရမှဖြစ်ခဲ့၏။ လွန်ခဲ့သော ၁၇-၁၈ ရာစု ကိုလိုနီနယ်ချဲ့မှုသည် ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်လုယက်ရမှ စတင်ခဲ့၏။ ခေတ်သစ်စစ်ပွဲကြီးများတွင် လည်း ရေနံကြောင့် စစ်ဖြစ်ကြ၏။ ကိုလံဘီယာနိုင်ငံ၏ပြည်တွင်းစစ်သည်လည်း၎င်းဒေသထွက်မြ ရတနာထွက်ရှိရာဒေသအားသူပိုင်ကိုယ်ပိုင် ထိန်းချုပ်နိုင် ရန်ကြိုးပမ်းကြ၏။ ကမ္ဘောဒီယားနိုင်ငံ ပြည်တွင်းစစ်ကာလက၊ ပတ္တမြားထွက်ရှိရာ ထိုင်းနယ်စပ် ရှိ ပိုင်လင်းအမည်ရှိ ရတနာမြေအား ထိန်းချုပ်ရန်ကြိုးစားကြ၏။နောက်ပိုင်သူပုန်ထပ်ဖွဲ့မှထိန်းချုပ်နိုင်ခဲ့သည်ဆို၏။၎င်းရတနာမြေသို့လာရောက်ကြသော လုပ်ငန်းရှင်တိုင်း သည် ခမာနီသူပုန်များအား ၄၉ ရာခိုင်နှုန်း အခွန်ဆောင် ရသဖြင့် ခမာနီတို့သည်၎င်းဝင်ငွေဖြင့် ရပ်တည်နိုင်ခဲ့ကြသည်ကိုလည်း ယခင် ကာ လများတွင် ကြားသိခဲ့ရသည်။
ကျောက်စိမ်းထွက်နေသရွေ့ ကျောက်စိမ်းဒေသသာ မက ကချင်ဒေသတခုလုံးသည် အမျိုးမျိုးသော အခက်အ ခဲများနှင့်ရင် ဆိုင်ရဦးမည်ဖြစ်သည်ဟုပြောကြသည်။အဘယ့်ကြောင့်ဆိုသော ကျောက်စိမ်းသည် ကမ္ဘာ့အကြီး ကျယ်ဆုံးသော ရတနာပစ္စည်းဖြစ်ပြီး နေ့ခြင်းညချင်းကြွယ်ဝချမ်းသာသွားနိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ဒေသခံများအတွက် မပါဝင်ချေ၊ အဓိကအားဖြင့် အထက်က ဆရာမိုးညိုရေးသားသည့်အတိုင်း ဗိုလ်ချုပ်ကြီးများနှင့် တရုတ်လူမျိုး တို့၏ အသဲနှလုံးဖြစ်၎င်းတို့အ တွက်သာ လျင်ဖြစ်နေ တော့သည်။ဒေသခံများအတွက်မှာမူ ဆိုးသည့်ထက်ဆိုး ရန်သာ ရှိတော့သည်။ ကမ္ဘာ့သမိုင်းအရ ကိုလိုနီ နယ်ချဲ့ တိုက်ပွဲများတွင် ငရုတ်ကောင်း၊ မဆလာ စသည့် ဟင်းခတ်အမွှေးအကြိုင် ဈေးကွက်လုယက်ရာမှ စတင်ဖြစ်ပေါ်ခဲ့သည်ကို သိရှိပြီးဖြစ်သည်။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘစစ်တို့သည်လည်း မိမိအမျိုးသားအကျိုးစီးပွားအတွက် စီပွားရေးအင်ပါယာချဲ့ထွင်လိုအင် မှုများကြောင့်ဖြစ်ခဲ့ရ သည်။ သို့အတွက်လည်း ဖါးကန့်ဒေသ၏ ကျောက်စိမ်း ထွက်ရှိမှုအပေါ်မူတည်၍ ပြည်တွင်းငြိမ်းချမ်းရေး အားတွက်ဆနိုင်မည်ဟု ထင်မြင်ရလေသည်။ ၁၉၆၂ တော်လှန်ရေးအစိုးရမတက်မီအထိ ဖါးကန့်ဒေသသို့ တရုတ်လူမျိုးများ ခြေချနေထိုင်ခွင့် နှင့် အိမ်ယာ ပိုင်ဆိုင်ခွင့် မရှိခဲ့ကြောင်းသိရသည် ( ယခင်အရေးပိုင်ဟောင်း ဦးဂွမ်ဂျာလ ရေးသားသည့် ကချင်ဒေသသမိုင်း စာအုပ်)။ သို့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ တရုတ်လူမျိုးများ ပင်ဖါးကန့်ဒေသတွင် ထောင်ချီရောက်ရှိနေကြသည်ဟု ဒေသခံများကခန့်မှန်းကြလေသည်။ တရက် ရက်တချိန်ချိန် ခရိုနီ လောကပျောက်ဆုံးသွားခဲ့လျင် ဖါးကန့်ဒေသတွင် ကျောက်စိမ်းအား ယခုခဲ့သို့ ဗုံးဘောလအော ထုတ် ယူခွင့်မ ရ မည်စိုးသဖြင့် အခွင့်ရှိတုံး ရသမျှသိမ်းကျုံးယူသွားမည်ဟု မှတ်ယူကာ ထုတ်ယူနေသည့်ပုံစံပင်ဖြစ်နေတော့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က မြစ်ကြီးနားနှင့် ဖါးကန့်မြို့သို့ သွားရောက်ကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သတင်းယူခဲ့သည့် Aljazeera သတင်းဌာနမှ Mr. Peiling ဆိုသူပြောသည်မှာ ယခုကဲ့သို့ စည်းမရှိကမ်းမရှိ ထုတ်လုပ်နေမည်ဆိုလျင် နောင် ၄-၅ နှစ်အတွင်း ဖါးကန့်ဒေသပျောက်ကွယ်သွားတော့မည်ဖြစ်သည်ဟူ၏။ ဖယ်ဒရယ်ပြည်ထောင်စု ပြန်လည်မသတ်မှတ်နိုင်ခင်၊ ကချင်ပြည်ထောင်အစိုးရ သတ်သတ် လုပ်ပိုင်ခွင့်မရရှိမှီ ရသလောက်အားလုံးသိမ်းကြုံးတူးယူသွားပြီး နောက်မှ တဖြေးဖြေး ထုတ်ရောင်းမည့် စီမံကိန်းဟုဆိုလျင် လည်းမှားမည်မထင်ပါ။ ကချင်လူမျိုးများအတွက် ကျောက်စိမ်း မကျန်ရှိလေကောင်းလေဟုများ သဘောပိုက်နေကြသလော ဟူသည် ကိုတော့ မှန်းရခက်ပေသည်။ ဖါးကန့်ဒေသပျောက်ကွုယ်သွားလျင် ကျန်ရှိနေသော မြေစာပုံ၊ အမှိုက်ပုံ နှင့် သဘာဝဘေးကပ်ဆိုးကြီး များသည် ကချင်လူမျိုး များအတွက် အမွေဆိုးကြီးအဖြစ်ကျန်ရှိနေတော့မည်ဖြစ်ပြီး ယင်း၏ဆိုးကျိုးဒဏ်အား ဒေသခံနယ်မြေခံ ကချင်လူမျိုးများရာသက် ပန်ခံစား နေကြရတော့မည်မှာအမှန်ပင်ဖြစ်တော့သည်။ ဒေသခံကချင်လူမျိုးတို့မှာမူကားကျိန်စာသင့်နေသူများကဲ့သို့အလာဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်ဦးမည်ဖြစ်တော့သည်။