ယခုဆောင်းပါးသည် 2018 ခုနှစ် Jan လထုတ် ဝန်ပေါင်ရှိန်နီ ဂျာနယ် တွင်မိမိရေးသားကာထည့်သွင်းဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်၊ Amyu hpe tsawra ai ni, Anhte a Labau lasang ningja hpe Kala, Miwa Myen Sam ni hpe chye shangun mayu ai myit rawng ai ni, SHARE KARUM MARIT.
မြစ်ကြီးနားမြို့၏အေ့ရှဖက် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းသည် ကချင်လူမျိုးများ၏ အစဉ်အလာဖြစ်သော ပဒေသရာဇ် လဖိုင်ဒူဝါများ၏ ဆဒုံးတောင်တန်းဒေသဟုအမည်တွင်၏။ ယခင်ကာလဗြိတိသျှတို့မရောက်လာခင် အချိန်က လဖိုင်မျိုးနွယ်ဖြစ်သော ကချင်ဒူဝါများ အုပ်ချုပ်ရာဒေသဖြစ်၏။ ဆဒုံးဒေသသည် ကချင်လူမျိုးများနှင့် ဗြိတိသျှတို့ အကြီးအကျယ်တိုက်ခိုက်ခဲ့သော ဒေသဖြစ်၏။ ဗြိတိသျှတို့ အကျအဆုံးများခဲ့သော ဒေသလည်းဖြစ်၏။ ဆဒုံးဒေသအား သိမ်းပိုက်ပြီး ၊ ဗြိတိသျှတို့ရောက်လာပြီးနောက် အုပ်ချုပ်ရေးအတွက် ဆဒုံးကျေးရွာတွင် အခြေချ၏။ ထို့နောက် ဆဒုံးတွင် ရုံးဖွင့်ကာ အုပ်ချုပ်ရေးလုပ်ငန်း ၊ နယ်မြေဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြပြီးနောက် ဆဒုံးတောင်တန်းဒေသအမည်ဖြင့် မြစ်ကြီးနားမြို့ အေ့ရှဖက်ပိုင်းအား အုပ်ချုပ်လာကြ၏။ ယခုအခါ ဝိုင်းမော်အမည် တွင်သောမြို့သည် ယခင်ဗြိတိသျှကိုလိုနီကာလတွင် ဆဒုံးတောင်တန်းဒေသ တောင်တန်းဝန်ထောက် အုပ်ချုပ်ရေး အောက် ၊ တန်ဖရဲ တောင်အုပ်နယ်တွင် ရွာကလေးတစ်ရွာအဖြစ်တည်ရှိခဲ့၏။ ၁၉၁၀ ခုနှစ် ဗြိတိသျှအစိုးရပြုခဲ့သော Burma Gazetteer, Myitkyina District တွင် လူဦးရေ ( ၄၄၀ )ဟု ဖော်ပြထား၏။ မြစ်ကြီးနားမြို့ ဧရာဝတီဖြစ်အေ့ရှဖက်ကမ်းတွင် တည်ရှိသော ဝိုင်းမော်အမည်ရှိဒေသသ်ည အချို့သော ဗမာ သမိုင်းများအရ နှစ်ပေါင်းရာချီကြာရှည်ပြီဟု ရေးကြသည်။ သို့သော်လည်း နိန်မောင်(သို့) ဝိုင်းမော်အား ကချင်ဒူဝါများ က အစဉ်အဆက်အုပ်စိုးခဲ့၏။ ကချင်အမည်ဖြင့် အင်ဂျွန်းခါး(အင်ဂျွန်းဒေသ)ဟုအမည်တွင်၏။ ၎င်းအမည်အား ကချင် လူမျိုးများ သုံးစွဲခဲ့သည်မှာ နှစ်ပေါင်းရာချီလျက်ရှိပြီးဖြစ်သည်။ မနေ့တနေ့ကမှ အမည်တွင်ခဲ့ခြင်းမဟုတ်။ ဗမာသမိုင်း များတွင် ဝိုင်းမော်အား ဗမာမင်းမှ တိုက်ခိုက်သိမ်းပိုက်သည်ဟုဆို၏။ သို့သော်လည်း နိန်မောင်(သို့) ဝိုင်းမော်ဒေသ၏ အရှင်သခင်များသည် ကချင်လူမျိုးများဖြစ်ကြ၏။ ဝိုင်းမော်ဒေသတွင် ကချင်လူမျိုါ်များနှင့် ဗမာလူမျိုးများ တိုက်ခိုက် ခြင်းရှိကြောင်း မည်သည့်ကချင်ကမျှ မဆိုခဲ့။ တိုက်ခိုက်ရန်အကြောင်းလည်းမရှိခဲ့။ ကချင်လူမျိုးများနှင့် ဗမာဘုရင် တိုက်ခိုက်မှုသည် မဲဇာအရပ်တွင်သာရှိခဲ့၏။ မဲဇာဟူသောအမည်ပင်လျှင် ဗမာမင်းတပ်အား ကချင်များတိုက်ခိုက် အောင်မြင်သဖြင့် မှည့်ခေါ်သောအမည်ပင်ဖြစ်၏။ (ကချင်အမည်အားဖြင့် Man Za, Myen Za ဖြစ်၏။) ၎င်းနေရာအား ဗမာမင်းတပ်များ အောင်မြင်နိုင်ခဲ့ခြင်းမရှိ ၊ မြန်မာ့ဦးစွန်းဒေသသည် ကချင်ဒူဝါပိုင် မဲဇာအောက်နားတွင် အဆုံးသတ် ၏။
ဝိုင်းမော်အမည်သည် အင်ဂျွန်းဒေသ၏ ရွာတစ်ရွာဖြစ်၏။ ယခင်က ဝိုင်းမော်မြို့နယ်ဟူ၍ မရှိ။ ဝိုင်းမော်သည် မည်သည့်စကားဖြစ်သည်ကို အတိအကျမသိရသော်လည်း ကချင်လူမျိုးများက နိန်မောင်ဂါး (Ningmau Ga)ပြောဆို ကြသည်။ မနေ့တနေ့ကမှ ပြောဆိုခြင်းမဟုတ်ဘဲ နှစ်ရာချီပြောဆိုနေကြပြီးဖြစ်သည်။ ဆဒုံးတောင်တန်းဒေသအဖြစ် သာရှိရာ နယ်မြေမတည်ငြိမ်မှုဖြစ်ပြီး ၊ လက်နက်ကိုင်ပဋိပက္ခကြောင့် တောင်တန်းဝန်ထောက်ရုံးအား ဝိုင်းမော်ကျေးရွာ သို့ ရွေ့ပြောင်းရာမှ ဝိုင်းမော်အမည်သည် ပိုမို၍တွင်ကျယ်လာခြင်းဖြစ်သည်။ ကချင်တောင်တန်းဒေသသည် ယခင် ဗြိတိသျှများမရောက်မီက သီးခြားလွတ်လပ်သော ကချင်ဒေသကြီးပင်ဖြစ်သည်။ ထိုစဉ်က ကချင်လူမျိုးများသည် မိမိ တို့ အကြီးအကဲများနှင့် မိမိတို့နေထိုင်ခဲ့ကြသည်။ အကြီးအကဲများအား ဒူဝါဟုခေါ်ဆိုကြပြီး ၎င်းဒူဝါများ၏ အုပ်ချုပ်မှု အောက်တွင် စည်းလုံးစွာဖြင့် နေထိုင်ခဲ့ကြသည်။ ဒူဝါများအချင်းချင်း အကူအညီပေးခဲ့ကြသည်။ သမီးသားမက် ၊ ခမည်းခမက် ၊ ညီအစ်ကိုကို စသည်ဖြင့် နေထိုင်ခဲ့ကြသည်။ နယ်မြေဒေသအပိုင်းအခြားတွင်လည်း ကချင်လူမျိုးများ တွင်ရှိသည့် မျိုးနွယ် (Clan) အရနေထိုင်ခဲ့ကြလေသည်။ ဥပမာ မြစ်ကြီးနားလွင်ပြင်ဒေသလည်း လထော်လူမျိုးများ ( ဥပမာ- လထော်မျိုးနွယ်ဖြစ်သော ဒူဝါကြီး ကိရိန်နော် ) များအုပ်ချုပ်ရာဒေသဖြစ်၏။ ထို့အတူ ဧရာဝတီမြစ်အေ့ရှဖက် ကမ်း ယခုဝိုင်းမော်အမည်တွင်နေသော ဒေသသည်လည်း လဖိုင်မျိုးနွယ်ဝင်ရှဒန်ဒူဝါများ၏ နယ်မြေပိုင်နက်တွင် ရှဒန် ဒူဝါများ အုပ်ချုပ်ရာဒေသ ၊ ပိုင်ဆိုင်ရာဒေသဖြစ်၏။ ကချင်ဒူဝါများ၏ ပိုင်နက်နယ်မြေသည်။ အကျယ်ပြန့်ဆုံးဖြစ်သည် ကို ယခင်ပါလီမန်ခေတ် ကချင်ပြည်နယ်အစိုးရထုတ်ဝေသော နှစ်လည်စာစောင်မဂ္ဂဇင်းတွင် ရေးသားထားသည်။ ၎င်းနယ်မြေရှိ ရှဒန်ဒူဝါများပိုင်ဆိုင်သောမြေသည် ယခုမြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သို့ ဝင်ရောက်ကာနီး နန့်မြင်း ချောင်း၏ အေ့ရှဖက်အခြမ်းမှ စတင်သည်။ ထို့နောက် ဆက်သွားရာတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နောင်ဟီး (Nawng Hkyi) ၊ စန်းကား (Jam Ga) ထိဖြစ်၏။ ကားလမ်းအတိုင်းဆက်သွားလျှင် ယခုဒဘတ်ချောင်း အစပ်အထိ ဖြစ်၏။ နန့်မြင်းချောင်းမရောက်မီ ဒေသသည် မရန်ဒူဝါ (Maran Duwa) များ၏ ပိုက်နယ်ဖြစ်၏။ ဥပမာ ယခင် ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဒူဝါလဝမ်လီ၏ ဒေသဖြစ်သော မိုင်းနားလဝမ်ကထောင်ဖြစ်သည်ဟုဆိုသည်။
ရှဒန်မျိုးနွယ်စုဒူဝါများ၏ ပိုင်နက်ကို ဆက်လက်ဖော်ပြရာတွင် ဝိုင်းမော်မှ ဝါရှောင်ကျေးရွာသွားလမ်းအတိုင်း ဖော်ပြရလျှင် ဝိုင်းမော်မြို့မှ အေ့ရှမြောက်ဖက်သို့သွားလျှင် ဝါရှောင် ၊ ထိုမှ ချီဖွေလမ်းအတိုင်းသွားလျှင် မန်ဝိန်း ၊ ဆနီခူး ၊ မလန်းခူး ဒေသအထိဖြစ်သည်။ မြောက်ဖက်သို့ ဆိုလျှင် နန့်မြင်းကျေးရွာ ၊ ထိုနောက် ယနေ့ ဂွေထုရောက် ခါနီး ဂရွတ်ယန် ၊ အူခဲန်ယန် ၊ ဒိန်ဂျန်ယန် ၊ အင်ထုန်းယန် ၊ ဘရာဇီယာတောင်အမည်တွင်သည့် လွယ်ငူးဘွမ် ၊ စင်လဲန်ဘွမ်အထိ ဖြစ်၏။ တြိဂံဒေသဖက်တွင်လည်း ရှဒန်ဒိန်ဆာဂါးဟူ၍ ရှိ၏။ အေ့ရှဖက်တရုတ်ပြည်နယ်စပ်သွားဖက် တွင် ဆမားဒိန်ဆာ (Sama Dings) ခေါ် ရှဒန်မျိုးနွယ်ဝင်ဖြစ်သော ဆမားဒေသဖြစ်သည်။ တောင်ဖက်သို့ဆင်းသွား လျှင် ဗန်းမော်-မိုးမောက်ဖက်တွင် ဖုန်ကန်ဒေသ ၊ မြစ်ကြီးနားမြို့မှ ရထားလမ်းတိုင်း တောင်ဖက်သို့သွားလျှင် Wabaw Ga ဝါ့ဘော်ဂါးခေါ် ဟိုပင်ဒေသ ၊ Bangbaw Ga ခေါ် ပင်းဘောဒေသ စသည်ဖြင့် ရှဒန်ဒူဝါများ၏ ပဒေသရာဇ်ပိုင် နက်များရှိကြလေသည်။ အနောက်ဖက်သို့ ဦးတည်လျှင် ကားမိုင်း ၊ လဝါး ၊ နောင်းမီဒေသများသည်လည်း ရှဒန် ဒူဝါများ ပိုင်နက်ပင်ဖြစ်သည်။ ထို့ပြင် လဖိုင်မျိုးနွယ် Clan များတွင် မျိုးကွဲ Sub Clan များရှိကြ၏။ ထိုသို့ဖြင့် ရှဒန်ဒူဝါများပိုင်နက်များတွင် ယနေ့ဝိုင်းမော်ဟုခေါ်တွင်နေသည့်နေရာသည် ရှဒန်မျိုးနွယ်များ၏ နယ်မြေဖြစ်ပြီး အင်ဂျွန်းဒူဝါ (သို့မဟုတ်) နိန်ဂျွန်း ဒူဝါ (Ningjun Duwa or N-Jun Duwa) အုပ်ချုပ်သောဒေသဖြစ်သည်။ ၎င်းေးသအား ကချင်အမည်အားဖြင့် နိန်မောင်(Ningmau) ဟုခေါ်၏။
၎င်းနိန်မောင်(သို့) ဝိုင်းမော်ဒေသအား အုပ်ချုပ်သော ရှဒန်မိသားစုအနွယ်ဝင် အင်ဂျွန်းဒူဝါ(သို့) နိန်ဂျွန်းဒူဝါ သည် ယနေ့ ဝူယန်ကျေးရွာအေ့ရှဖက် တစ်မိုင်ခန့်အကွာရှိ အင်လုံဘွမ် ( N-lung Bum, N-Jun Bum )ခေါ် တောင်ပေါ်တွင် ကချင်အမည် အင်လုံ ( ကျောက်တုံးတောင် ) ဘွမ်ဟူသည့်အတိုင်း ကျောက်ဆောင်ကျောက်တုံး များပေါများ၏။ ၎င်းတောင်၏ အနောက်ဖက်ခြမ်း တောင်ခြေတွင် ချောင်းငယ်တစ်စင်းစီးဆင်း၏။ ၎င်းချောင်းတွင် ငါးဝူယန် ( ကချင်အမည်ဖြင့် Nga Wu Yan ငါးကျည်းနှင့်တူသောငါးတစ်မျိုး ) မည်သော ငါးမျိုးပေါများ၏။ ထို့ကြောင့် ၎င်းချောင်းအား ဝူယန်ချောင်း( ဝူယန်ငါးပေါများသောချောင်း )ဟုခေါ်၏။ ၎င်းချောင်းအနီးတွင်ပင် ရေဝေရေလဲ ကောင်းမွန်သဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြ၏။ ၎င်းချောင်းအနီးတွင်ပင် ရွာတည်၏။ ၎င်းရွာအား ဝူယန်ကျေးရွာ ( Wu Yan Mare ) ဟုခေါ်၏။ ယခင် ဝူယန်ကျေးရွာဟောင်းသည် ၎င်းနေရာတွင်ဖြစ်သည်။ ယနေ့ဝူယန်ကျေးရွာဟု ခေါ်ဆိုနေသောနေရာအား ယခင်က ဝူယန်ပါ ( Wu Yan Pa ဝူယန်ကွင်း ၊ ပြန့် )ဟုခေါ်၏။ အင်ဂျွန်းဒူဝါသည်လည်း အထက်ဖော်ပြပါ တောင်ပေါ်တွင် နေထိုင်ကာ အင်ဂျွန်းဒူဝါပိုင် နယ်မြေများအား အုပ်ချုပ်၏။
၁၉၄၀ ခုနှစ်မတိုင်မီတွင် အထက်ဖော်ပြပါ အင်ဂျွန်းဒေသ(သို့) နိန်မောင်(သို့)ဝိုင်းမော်အား အုပ်ချုပ်နေသော အင်ဂျွန်းဒူဝါမိသားစုသည် အကြောင်းအမျိုးမျိုးကြောင့် မျိုးဆက်ပြတ်သွား၏။ မျိုးဆက်ပြတ်သွားမှုကြောင့် အင်ဂျွန်း ဒူဝါမိသားစုမှ မဟုတ်ဘဲ အခြားသော သူများမှ ဝင်ရောက်လာကာ ဒူဝါရာထူးရရှိရန် ကြိုးပမ်းမှုများ ၊ နယ်မြေပြဿနာ များဖြစ်ပေါ်လာကြရာ ၊ ၎င်းဒေသတွင်နေထိုင်သော ဒေသခံများမှာ အင်ဂျွန်းဒူဝါမျိုးဆက် တောင်းခံရန် ဆုံးဖြတ် ကြလေသည်။ သို့ဖြင့် အင်ဂျွန်းဒူဝါ၏ အခြွေအရံဖြစ်ခဲ့ကြသော ဦးဇတောင်ဂေါင် (Salgn Satau Gawng)နှင့် ဦးဖော်ဒေါ်ဂမ် (Salang Hpaudaw Gam) တို့သည် အင်ဂျွန်းဒူဝါ၏ သားချင်းများ နေထိုင်နေကြသော မြောက်ဖက် တြိဂံဒေသသို့သွားရောက်ကာ ၊ အင်ဂျွန်းဒူဝါမိသားစုဝင် သားချင်းများနှင့် တွေ့ဆုံပြီး အင်ဂျွန်းဒေသတွင် ဒူဝါများ ဆက်ပြတ်သွားကြောင်း ထို့ကြောင့် ၎င်းဒေသအား အုပ်ချုပ်ရန် ဒူဝါတောင်းခံရန်လာရောက်ခြင်းဖြစ်ကြောင်း တင်ပြ ပြီး အင်ဂျွန်းမိသားစုမှလည်း ၎င်းဒေသအတွက် ဒူဝါအဖြစ် ဒူဝါထိန်နန်ဒူအား စေလွှတ်ပေး၏။ သို့ဖြင့် ၁၉၄၀ အချိန်ခန့်မှ ၎င်းဒေသသို့ ဒူဝါပြန်ရောက်လာပြီး နဂိုမူလဒူဝါသိက္ခာအတိုင်း ပြန်လည်အုပ်ချုပ်၏။ အင်ဂျွန်းဒူဝါ ထိန်နန်ဒူရောက်ရှိ လာသောအခါ ဒေသခံများမှ မိမိတို့ဒေသ၏ ဒူဝါရရှိပြီဖြစ်သည့်အတိုင်း အထက်ဖော်ပြပါ အင်လုံဘွမ် ( N-lung Bum, N-Jun Bum ) တွင် ဒူဝါအတွက် အိမ်ဆောက်ပေး၏။ ဒူဝါ၏လယ်မြေများအား ပြန်လည်ဖော်ုထတ်ပေး၏။ ဗြိတိသျှ အစိုးရမှလည်း နဂိုမူလအတိုင်း ဒူဝါခန့်စာ (Appointment order for Kachin Headman)ပြန်လည်ထုတ်ပေး၏။ အင်ဂျွန်းဒေသ (Duwa of Ningjun Tract )ဒူဝါအဖြစ် အသိအမှတ်ပြု၏။
ယခင်ကာလကပင် Ning Jun Tract (N-jun Tract )တွင် အဓိကအားဖြင့် ဂျိန်းဖော ၊ လော်ဝေါ် ၊ ရှမ်းများ နေထိုင်ကြ၏။ တရုတ်အနည်းငယ်ရှိ၏။ နိန်ဂျွန်းဒေသအား ဆဒုံးတွင် ရုံးစိုက်သော တောင်တန်းဝန်ထောက် (Assistant Supritendant) ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ ၎င်းအား ဆဒုံးတောင်တန်းဒေသ အုပ်ချုပ်ရေးဟုခေါ် တွင်သည်။ ၎င်းအုပ်ချုပ်ရေးဒေသတွင် ချီဖွေလောခေါင် နယ်စပ်အထိပါဝင်၏။ ဆဒုံးတောင်တန်းဒေသ အုပ်ချုပ်ရေး အောက်တွင် မြောက်ဖက်တွင် တန်ဖရဲ (မြစ်ဆုံ) တောင်အုပ်နယ်ရှိ၏။ တောင်အုပ်နယ်တွင် ဒူဝါများ၏ နယ်မြေများ အား ဆက်လက်ပိုင်းခြားထားရာ အင်ဂန်း( N-Gan ) ၊ မရန် (Maran ) ၊ အင်ဂျွန်း ( Ningjun or N-jun ) ၊ ဂျိန်မာ ( Jingma ) စသည်ဖြင့် ဒူဝါအပိုင်းအခြားများအား ခွဲခြားထား၏။ အခြားဒူဝါနယ်များလည်းရှိသေးသည်။
၁၉၅၁ ခုနှစ်ရောက်သောအခါ အင်ဂျွန်းဒူဝါ ထိန်နန်ဒူ ( N-jun Duwa Htingnan Du ) သည် မြစ်ကြီးနားမြို့ မြောက်ဖက်တွင်ရှိသော တြိဂံဒေသတွင် ကျန်ရှိနေကြသည့် ၎င်း၏မိသားစု ဇနီးသားသမီးများအား အခြွံအရံများဖြင့် သွားရောက်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ယခု ဝူယန်ကျေးရွာ တောင်ဖက်ရှိ အင်ဂျွန်းဘွမ်တောင်ပေါ်တွင် ဒူဝါအိမ်အား ထပ်မံပြုပြင်ကာ အခြေချ၏။ အင်ဂျွန်းဂါးဒူဝါထိန်နန်ဒူသည် ၁၉၆၀ ကချင်ဒေသ နယ်မြေရှုတ်ထွေးမှု လက်နက်ကိုင်ပဋိပက္ခမဖြစ်မီ လေးတွင် ဝူယန်ရွာဟောင်းတွင် ဒူဝါ၏ မနောပွဲတော်အား အကြီးအကျယ်ကျင်းပ၏။ ၎င်းကျင်းပသော မနောပွဲသည် မြစ်ကြီးနားအေ့ရှဖက်ကမ်း ဆဒုံးတောင်တန်းဒေသတွင် အစည်းကားဆုံးသော မနောပွဲတော်ကြီးတစ်ခုဖြစ်ခဲ့သည်။ (N-jun Tract )မှ လူများအားလုံးပါဝင်ဆင်နွဲကြ၏။ အေ့ရှဖက်တွင် ဆဒုံးဒေသဖက်အထိ ရှိသော ကချင်ဒူဝါများ၊ မြစ်ကြီးနားပတ်ဝန်းကျင်ရှိ ကချင်ဒူဝါများအားလုံးပါဝင်တက်ရောက်ခဲ့သည့် မနောပွဲဖြစ်ခဲ့သည်။ ပွဲတော်ကြီးတွင် ပူဇော်ပသရန်နှင့် စားသုံးရန်အတွက် အင်ဂျွန်းဒူဝါအုပ်ချုပ်သည့် (N-Jun Tract) ဒူဝါအုပ်ချုပ်ရွာတိုင်းမှ နွား (သို့မဟုတ်) ကျွဲတစ်ကောင်စီ ၊ ဆက်သကြ၏။ အချို့ရွာများမှာ ပွဲတော်အတွင်းစားသုံးရန် ဆန် ၊ အချို့မှာ တောင်ယာ သီးနှံများ ၊ အချို့မှာ ထင်း ၊ ဝါး ၊ သစ်စသည်ဖြင့် ပေးပို့ကြ၏။ အချို့ရွာများမှာ ပွဲတော်အတွင်း သောက်သုံးရန် ယာမက နှင့် ခေါင်ရည်ချက်လုပ်ပေးကြ၏။ ပွဲတော်ကြီးသည် ခွန်နှစ်ရက်တိုင် ကျင်းပ၏။ ပွဲတော်အတွင်း ကျွဲနွား ကောင်ရေ တစ်ရာကျော်မှ အသုံးပြုခဲ့ကြ၏။ ပွဲတော်အတွင်း လာရောက်ပါဝင်ဆင်နွဲကြသောသူများ ၊ ဒူဝါများ ၊ သူကြီးများအား ဒူဝါမှလည်း လက်ဆောင်များ ပြန်လည်ပေးခဲ့၏။ ဒေသအသီးသီးမှ နတ်ဟောဆရာများ လာရောက် ကြ၏။ နတ်ဟောဆရာမလုံလောက်သဖြင့် ထိုစဉ်အခါ ဝိုင်းမော်ကူးတို့ဆိပ်အနီးတွင် နေထိုင်ကြသော တရုတ်ညီအစ်ကို လောင်ဂေါ့နော်နှင့် လောင်ဂေါ့တန် (ကချင်အမည် Laugaw Naw hte Laugaw Tang yan nau) တို့လည်း လာရောက်ကာ နတ်ကိုးကွယ်မှု ဟောကြေားမှုတို့တွင် ကူညီပေးခဲ့ကြ၏။
၁၉၆၂ ဦးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးနောက် ၁၉၆၄ အထိ အင်ဂျွန်းဒူဝါမှ အခွန် ကောက်ခံမြဲပင်ရှိသေး၏ ၁၉၆၅ ရောက်သောအခါ အစိုးရမှ ကချင်ဒူဝါများ၏ အာဏာအား ရုပ်သိမ်းလိုက်၏။ သို့သော် လည်း အင်ဂျွန်းဒူဝါအား ချင်ခင်လေးစားကြသော ဒေသခံ ကချင် ၊ ရှမ်း ၊ ဂေါ်ရခါးများမှာ ၎င်းတို့၏ အစဉ်အလာ အတိုင်းလာရောက်ကန်တော့မြဲ ကန်တော့ကြ၏။ နောက်ပိုင်းဒူဝါမှ နောက်နောင် ကန်တော့ခြင်းများ မပြုလုပ်တော့ရန် ပြောဆိုသဖြင့် ၎င်းအစဉ်အလာပျောက်ကွယ်သွားခဲ့သည်။ ဒူဝါအရာဆက်လက်သုံးစွဲလျှင် ၎င်းအချိန်တွင် ကချင်ဒေသ များတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေးအရှုတ်အထွေများကြောင့် ကချင်ဒူဝါများသည် အလွန်ပင်အန္တရာယ်များခဲ့လေ သည်။
၁၉၆၃ နောက်ပိုင်းတွင် လက်နက်ကိုင် အခက်အခဲများကြောင့် ဆဒုံးတွင် ရုံးစိုက်ထားသော တောင်တန်း ဒေသဝန်ထောက်ရုံးသည်လည်း လုံခြုံစိတ်ချရသော မြစ်ကြီးနားနှင့်ကပ်လျက် ဝိုင်းမော်ကျေးရွာသို့ ပြောင်းရွေ့ခဲ့ရ သည်။ သို့ဖြင့် ဆဒုံးသည်လည်း မအေးချမ်းသော ဒေသတွင်ပါဝင်ကာ နောက်ပိုင်းတွင် သီးခြားနယ်မြေဖြစ်သွားတော့ သည်။ သို့ြုဖင့် ဆဒုံးမြို့တွင် ရုံးစိုက်ခဲ့သော အစိုးရအုပ်ချုပ်ရေးနှင့် အခြားသောဌာဆိုင်ရာများအားလုံး ဝိုင်းမော်ကျေးရွာ သို့ ပြောင်းရွှေ့ခဲ့၏။ သို့ဖြင့် ဝိုင်းမော်ကျေးရွာသည်လည်း မြို့နယ်ရုံးစိုက်ရာဒေသဖြစ်ကာ စည်းကားလာလေတော့ သည်။ နောက်ဆုံးသော ဆဒုံးတောင်တန်းဒေသ၏ တောင်တန်းဝန်ထောက်မှာ ယခင်အရေးပိုင်မင်းကြီး ဦးဂွမ်ဂျာလ (Duwa Gum Ja L )ဖြစ်ပြီး တောင်အုပ်မှာ ဦးဇော်ကိန် (Duwa Zau Kying)ဖြစ်၏။ ဆဒုံးတောင်တန်းဒေသတွင် မြောက်ဖက်တွင် ဆွမ်ပရာဘွမ်တောင်တန်းဒေသ ၊ အေ့ရှဖက်တွင် လောခေါင်တောင်တန်းဒေသ ၊ စိန်လုံတောင်တန်း ဒေသတို့နှင့်ထိဆက်၏။ အေ့ရှဖက်တွင် ဆီမား( ဆမား ) ၊ တောင်ဖက်တွင် တန်ဖရဲ ၊ မြောက်ဘက်မတွင် မန်ဝိန်း နှင့် လွယ်ငူးဘွမ် ၊ စင်လဲန်ဘွမ်အထိဖြစ်သည်။ ဝန်ပေါင်ရှိန်နီ ဂျာနယ်မှ ၁၁-၁၁-၂၀၀၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်တွင်နေထိုင်သော အင်ဂျွန်းဒူဝါ၏ သမီးဖြစ်သူ ဒေါ်ဂျာဘူ( ယခု မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်တွင်နေထိုင်သူ )နှင့် ဦးကမ်လီ (Slg. Kam Li ) ( အင်ဂျွန်းဒူဝါထိန်နန်ဒူ၏ တူအရင်းဖြစ်သူ ၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင်နေထိုင်နေဆဲဖြစ်သည်) တို့အား သွားရောက်တွေ့ဆုံကာ ယခင် အင်ဂျွန်းထရက် ( N-Jun Tract or Ningjun Tract ) ကချင်အမည်နိန်မောင် Ningmau (သို့မဟုတ်) (သို့မဟုတ်) နောက်ဆုံးအမည် ဝိုင်ေးမာ်ဒေသနှင့် ပတ်သက်၍ တွေ့ဆုံပေးမြန်းခွင့်ရရှိခဲ့ပါ သည်။
ဂျာနယ် - အင်ဂျွန်းဒေသနဲ့ပတ်သက်ပြီး သိသလောက်မှတ်သလောက်ပြောပြပါ။
ဦးကမ်လီ - ကျွန်တော်က အင်ဂျွန်းဒေသဒူဝါကြီးထိန်နန်ဒူရဲ့ တူအရင်းပါ။ သူ့အစ်မရဲ့သားပါ။ အသက်(၇၆)ရှိပြီ။ အခု ဝိုင်းမော်မြို့နယ် ၊ ဝူယန်ကျေးရွာမှာ နေထိုင်နေပါတယ်။
ဂျာနယ် - ဒီဖက်ကဒေသမှာ ကချင်ဒူဝါတွေရဲ့ နယ်မြေအပိုင်းအခြားလေးနဲနဲလောက်ပြောပါ။
ဦးကမ်လီ - အခု ဒီဝူယန်က အခြေခံပေါ့။ တောင်ဖက်မှာ အင်ဂျွန်းဒူဝါနေတဲ့ အင်ဂျွန်းဘွမ်( အင်လုံဘွမ် N-Lung Bum ) ဆိုတာရှိတယ်။ ကျောက်စရစ် ၊ ကျောက်ခံတွေများလို့ အင်လုံဘွမ်လို့ခေါ်ပါတယ်။ တောင်ပေါ်မှာ ဒူဝါကြီးနဲ့ သူနဲ့ နီးစပ်သူအခြွေံအရံများနေပါတယ်။ တောင်ဖက်ကို ဆက်သွားရင် အခုအောင်မြေ(၁-၂) အလွန်ပေါ့။ ဂျိန်မာဒူဝါအုပ်ချုပ်တဲ့နေရာဖြစ်တယ်။ ဒဘတ်ချောင်းအစပ် အထိပါ။ ဒဘတ်ချောင်း ဟိုဖက်ကမ်းကတော့ လော့ခွမ်လထော်ဒူဝါ (Lawhkum Lahtaw Duwa ) ရဲ့ နယ်မြေဖြစ်သွားပြီ။ အနောက်တောင်ဖက်ဆိုရင် ဟိုအောက်ဖက် ခတ်ချို ( ကချင်အမည် Guthkyu)၊ နောင်ဟီး (Nawng Hkyi) ၊ စန်းကား(Jam Ga) အထိ ရှဒန်မျိုးနွယ် တွေရဲ့ နယ်မြေဖြစ်တယ်။
ဂျာနယ် - ခတ်ချိုကဘယ်လိုလဲ။
ဦးကမ်လီ - ကချင်လို Guthkyu လို့ခေါ်တယ်။ ခတ်ချိုဆိုတာက ရှမ်းတရုတ်လိုမှည့်တာလား။ ဗမာလိုမှည့်တာ လားမသိပါ။ သူရဲ့အောက်ဖက် စန်းကား ၊ နောင်ဟီး အထိ ရှဒန်ဒေသဖြစ်တယ်။
ဂျာနယ် - အခုဒီမှာ မရူဘွမ်ဆိုတာရှိတယိ။ အင်လုံဘွမ်( N-Lung Bum, N-Jum Bum )နဲ့ တစ်ဆက်ထဲဖြစ် တယ်။ ဘာဖြစ်လို့လဲ။
ဦးကမ်လီ - ဟုတ်တယ်။ မိတ်ဆွေ လော်ဝေါ်အမျိုးများကို နေရာချပေးလို့ မရူဘွမ်လို့ အမည်တွင်လာတာဖြစ် တယ်။
ဂျာနယ် - အခု ဒီဖက်မှာ တစ်ချို့ လီဆူ မိတ်ေ်ဆွတွေရှိတယ်။ သူတို့ကိုတော အင်ဂျွန်းဒူဝါထိန်နန်ဒူက နေရာ ချပေးတာလား။
ဦးကမ်လီ - ဟုတ်ပါတယ်။
ဦးကမ်လီ - ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာဖြစ်တာ်ပါ။ အင်ဂျွန်းဒူဝါထိန်နန်ဒူအိပ်မက်မက်တယ်တဲ့။ တစ်စုံ တစ်ယောက်က အိပ်မက်လေးတာဖြစ်နေတယ်။ အိပ်မက်ထဲမှာ ထိန်နန်ဒူ မင်းရဲ့ ဒေသအတွက် လူယုံတွေအဖြစ် (လီဆူ)များကို ခေါ်ထားရင်ကောင်းမယ်ဆိုပြီး ပြောတာကြားရသတဲ့။ ဒါကြောင့် ကျွန်တော့်ဦးလေး ဒူဝါကြီးက လားရှိုးဖက်က (လီဆူ)များကို ခေါ်ပြီး ယခင်ဝူယန်ကျေးရွာဟောင်းမှာ ဘဲ နေရာချပေးသတဲ့။ သူနဲ့အတူ လုပ်ကိုင်စားသောက် စေတယ်တဲ့။ လီဆူရွာက နောက်ဆုံးသူကြီး က အခုဒီမှာဘဲရှိသေးတယ်။ အားဖူ( Ah Hpu )လို့ခေါ်တယ်။
ဂျာနယ် - အရင် ဒီဖက်မှာ လီဆူမိတ်ဆွေတွေ တော်တော်များတာဘဲ။
ဦးကမ်လီ - သိပ်တော့မရှိဘူး။ ဒူဝါကြီးကခေါ်ထားတဲ့ လားရှိုးဖက်က လီဆူမိတ်ဆွေတွေရှိတယ်။ ၁၉၅၀ နောက်ပိုင်း တရုတ်ပြည်က ထွက်ပြေးလာသူတွေ ၊ ဖီမော ၊ ဂေါ့လန် ၊ ကန်ဖန် ဖက်က ဆင်းလာသူ တွေရှိကြတယ်။ နောက်ပိုင်း နယ်မြေမအေးချမ်းလို့ စုစည်းရွာတွေလုပ်တော့ မိတ်ဆွေလီဆူ တော်တော်များများလည်း အခု ဝူယန်ပါကို လာအခြေချကြတယ်။ အားလုံးက အင်ဂျွန်းဒူဝါရဲ့ နယ်မြေက လူတွေ့ပါ။ ဦးအားဖူခေါ်လို့ ပူတာအိုဖက်က ရောက်လာတဲ့ “ရှားပါး” လီဆူမိတ်တွေတွေ လည်းရှီကြတယ်။
ဂျာနယ် - မိတ်ဆွေ ရှမ်းတွေကော။
ဦးကမ်လီ - ရှမ်းတော်ကို ဂျန်ဒါလို့ခေါ်တယ်။
ဂျာနယ် - ဂျန်ဒါရှမ်း ( Janda Sam )လေ၊ ရှမ်းတရုတ်လို့လည်းခေါ်တယ်။
ဦးကမ်လီ - မသိဘူး ၊ ဂျန်ဒါတွေပ။
ဂျာနယ် - ဟုတ်ပြီ။ မိတ်ဆွေ ရှမ်းတရုတ်တွေကော အင်ဂျွန်းဒူဝါထိန်နန်ဒူရဲ့ အုပ်ချုပ်မှုအောက်မှာလား။
ဦးကမ်လီ - ဟုတ်ပါတယ်။
ဂျာနယ် - ဒီဖက်မှာ မိတ်ဆွေ ဂေါ်ရခါးလူမျိုးတွေကော ဘယ်အချိန်လောက်က ရောက်လာသလဲ။
ဦးကမ်လီ - ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရောက်လာသူများလို့သိရတယ်။
ဂျာနယ် - သူတို့ကော အခွန်ပေးရသလား။
ဦးကမ်လီ - ပေးရတယ်။ အထူးသဖြင့် ကျွဲ ၊ နွား ၊ ဆိတ်တွေပါ။ ဒူဝါကြီး ပွဲတော်ကျင်းပရင်းပေးကြတယ်။
ဂျာနယ် - အရင်တုံးက အင်ဂျွန်းဒူဝါအခွန် ဘယ်လိုကောက်လဲ။
ဦးကမ်လီ - ကချင်ဒူဝါတွေဟာ အခွန်သိပ်မကောက်ပါဘူး။ ဒူဝါကြီးရဲ့ လယ် ၊ ယာ ၊ တောင်ယာ ၊ အခြားကိစ္စတွေ မှာ လာရောက်လုပ်ကိုင်ပေးသူများက အခွန်ပေးစရာမလိုပါ။ အဝေးမှာနေတဲ့ လူတွေကတော့ စပါး (၂)ပုံပေးရတယ်။ အခွန်ငွေ လုပ်အားအကူအညီပေးရတယ်။ လုပ်အားအကူအညီမပေးနိုင်တဲ့ အဝေး က ရွာတွေကတော့ နွား ၊ ကျွဲ ၊ ဆိတ် ၊ ဝက် ၊ ကြက်နဲ့ အခြားသော စားသောက်ဖွယ်ရာတွေကို ပို့ပေးတယ်။
ဂျာနယ် - စပါးတွေကို ဘယ်လို ပို့သလဲ။
ဦးကမ်လီ - ဒူဝါခန့်ထားတဲ့ သူကြီးတွေက ရွာမှာ စပါးစုတယ်။ ပြီးရင် သူတို့ အစီအစဉ်နဲ့ ဒူဝါနေတဲ့ အင်ဂျွန်းဘွမ် ( အင်လုံဘွမ် )နေအိမ်ကို ပို့ပေးရတယ်။ မိတ်ဆွေအင်ဂျွန်းဒါးတွေကတော့ ဂေါ်နဲန်း( တရုတ်နှစ်သစ် ကူး Gaw Nyen )ရောက်ရင်တောင်းတွေထဲမှာ ကြက်ကောင်လုံး ၊ ဝက်ကောင်လုံး ၊ ခေါပုတ် ၊ ခေါက်ဆွဲနဲ့ တခြားစားတစရာတွေထည့်ပြီး ဒူဝါအိမ်ကို လာကြတယ်။ မြေအိုး ၊ စဉ့်အိုးထဲမှာ အရက် အပြည့်ထည့်ပြီး ယူလာကြတယ်။ ရောက်ရင် ဂေါ်နဲန်းလာပါတယ်။ ကျော်ဖါကြီး ၊ (Gawnyen sa ai lo, chyauhpa eh… ) ဆိုပြီး လာကြတယ်။ ဒူဝါရဲ့ အိမ်ေ့ရှကွက်လပ်မှာ အိုးစည်ဗုံမောင်းတွေတီး ၊ ရှမ်းအကတွေကပြီး ကန်တော့ကြတယ်။ ဒူဝါကလည်း သူတို့ကို ခရီးဦးကြိုပြုတယ်။ လက်ဆောင် တွေပြန်ပေးတယ်။ ဒီလိုပါဘဲ။
ဂျာနယ် - ဒူဝါကြီးကလည်း အစိုးရဆီကို အခွန်တော်ပြန်သွင်းရတယ်။ ဘယ်လိုသွင်းလဲ။
ဦးကမ်လီ - အင်ဂျွန်းဒေသရဲ့တောင်အုပ်က တန်ဖရဲမှာ ရုံးထိုင်တယ်။ ကချင်လို ခန်းဒေါက် (Hkandawk) လို့ခေါ်တယ်။ တန်ဖရဲကျေးရွာအထိ သွားသွင်းရတယ်။ တန်ဖရဲသွားလမ်း အခုဟိုဖက်မှာ ယတော် (ကချင်အမည် Yataw ၊ ယခု နောင်တာလော ) မရန်ဒူဝါများဒေသ ၊ နောင်တော့ နောင်ချိန်းဖက် အင်ဂန်းဒူဝါ အစရှိတဲ့ သူတွေက တန်ဖရဲတောင်အုပ်ရုံးမှာ သွားသွင်းရတယ်။ ( စကားချုပ် - ကောက်ခံရရှိငွေ၏ ဆယ်ရာခိုင်နှုန်းအား ဒူဝါများက ခံစားခွင့်ရှိကြသည်။ ခိုင်စား (သို့) ခိုင်ကြေးဟု ခေါ်ကြောင်းသိရသည်။)
ဂျာနယ် - တခုမေးမယ်။ ဥပမာပေါ့လေ ၊ ၁၉၆၀ မတိုင်မီတုံးကလည်း ကနေ အင်ဂျွန်းဒေသ (Ningjun Tract) မှာ ရှိခဲ့တဲ့ ရွာအမည်တွေကို ပြောပြနိုင်မလား။
ဦးလမာလီ - မှတ်မိတယ်။ အားလုံးနီးနီးလောက်မှတ်မိသေးတယ်။ ( ဦးလမာလီ ၇၈နှစ် ) အင်ဂျွန်းဒူဝါ၏ မြေးဖြစ် သူမှ ရွာသူကြီးများ၏ အမည်အားပြောပြပါတယ်။ ၎င်းရွာသူကြီးများသည် ၁၉၆၂ ခုနှစ်မတိုင်မီ ဒူဝါ ထိန်နန်ဒူမှ ခန့်အပ်ခဲ့သော နောက်ဆုံးသော သူကြီးများဖြစ်ကြသည်။
ဂျာနယ် - ပြောပြပါ။
ဦးလမာလီ - မှတ်မိသလောပြောပါမယ်။ (၁)ထောင်ကင် (Htaukyin) ၊ (၂) ကျခန်း(Chyakhan) ၊ (၃) ဖော်ရိမ် (လချိဒ်နှင့်လီဆူ Hpaurim) ၊ (၄) ခါနန်(Hka Nan)၊ (၅) ဘွမ်ပတ်(Bum Pat) ၊ (၆) အင်ဆောမ် ယန် (N-sawm Yang) ၊ (၇) ဂျန်ဝေါမ်းကောင် (Jang Wawm Kawng) ဦးမားခေါ ၊ (၈) ဝါ့လောင် ကောင် (Walawng Kawng) ၊ (၉) မကောက် (Makawk) ၊ (၁၀) နောင်အန် (Nawng Ang) ၊ (၁၁) နောင်စီပေါ (Nawng Sahpaw) ဦးဟုပေါင်း ၊ နောက်ပိုင်း စုစည်းပြုလုပ်သောအခါ ဦးခါ့လဲန်လာ့ရော်၊ (၁၂) ဟုတု (Hu Tu) ၊ (၁၃) ဟူဒုံ (Hudung) ဦးစိုင်းမောင် ၊ (၁၂) နောင်မွန် (nawng Mun) ၊ (၁၅) နမ့်ဝါ (Nam Wa) ဦးဖုအိုက် ၊ (၁၆) ခါ့ကွမ် မဒိန် (Hka Kum) ကျေးရွာတွင် ဦးလတုံဆောင်းဘောမ်၊ မဒိန်ကျေးရွာတွင် ဦးလွမ်ဘန်တိန်းခေါ ၊ (၁၇) ခါ့ဒန် (Hka Dan) ဦးလဖိုင်လ ၊ (၁၈) နောင်ကွပ် (Nawng Kup) ဦးပေါလိတ် ၊ (၁၉) နိန်မောင်(Ningmau) ယခု ဝိုင်းမော်) ဦးဖေ ၊ (၂၀) သာဂရ (Sagaya) ၊ (၂၁) မရူဘွမ် (Maru Bum), အင်ဂျွန်းဘွမ်နှင့် တစ်ဆက်တည်း ၊ ဦးလဆော်ဟော)၊ (၂၂) ကွမ်ဇာကောင် (Kumz Kawng) ၊ (၂၃) ဝူယန်ရွာဟောင်း (Wuyan mare dingsa) ဦးမဝယ်လ ၊ (၂၅) မိုင်ဘောင်း (Maibau) ဦးဆတောင်ဂေါင် ၊ (၂၆) လမြန် (Lamyang) ဦးလမြန် နော် ၊ (၂၇) ခါ့ကျန် (Hka Chyang) ဦးဒေါ့ဆိုင်းလွမ် ၊ (၂၈) ခါ့ထဲ (Hka The) ဦးရှောင်အာလ ၊ (၂၉) အင်လုံယန် (N-Lung Yang ) ၊ (၃၀) ဂင်ရူကောင် (Ginru Kawng ) ၊ (၃၁) ဂျိန်ဖုတ် (Jinghpuk) ယနေ့ဂျိန်ဖုတ်အင်းအနီး ) ၊ (၃၂) လုံရဲတ် (Lung Ret) ဦးလနော့လွမ်း ၊ (၃၃) ဝယ်ယင် (Woi Yin) ဦးဖေါ့လမ်းဘရန် ၊ (၃၄) ဂျယ်မောက် (Jemauk) ဦးကောန်တူး ၊ (၃၅) လဘန် (Labang) ဦးဂျွမ်ဖောက် ဖောက်လွမ်း ၊ တန်ဘောင် (Tangbau ) ဦးလဇွတ်တူး ၊ (၃၆) ဂွမ်တုံကောင် (Gumtung Kawng ) ၊ (၃၇) ဝေကျူ (Wechyu) ၊ (၃၈) နောင်ယန် (Nawng Yang) ဦးမန်ဒေါင်လွမ်း ၊ (၃၉) နန်ဇော် (Nang Zaw ) ဦးဆမ်တူး ၊ (၄၀) မိုင်ဆော်ယန် (Maisaw Yawng) ဦးမုတ်ဆန်ဒိုင်ဟရော ၊(၄၁) အင်ဂျွန်းကောင် (N-Jun kawng ဒူဝါနေထိုင်သည့် တောင်ပေါ်) ဦးမရန်ယော် ၊ (၄၂) ခါ့တူပါ (Hka tu pa) ဦးထန်ဘောမ်တို့ဖြစ်ပါတယ်။ အဲသလောက်မှတ်မိပါတယ်။
ဂျာနယ် - ရှမ်းရွာနဲ့ ကချင်ရွာတွေဘဲလား။
ဦးကမ်လီ - မှန်ပါတယ်။ တချို့ကတော့ လုံးဝမရှိတော့ဘူး။ တချို့ကတော့ ယနေ့အထိ ရှိနေဆဲဖြစ်ပြီး တည်တံ့ နေပါပြီ။
ဂျာနယ် - တရုတ်လူမျိုးတွေကော ၊ ဘယ်လောက်ရှိလဲ။
ဦးကမ်လီ - အရင်တုံးက တရုတ်နည်းတယ် ၊ ဝိုင်းမော်ရွာမှာ အိမ်ခြေဆယ်အိမ်လောက်ဘဲရှိတယ်။ နောက်ပိုင်း ဝင်လာတာများတယ်။ မှတ်မိသလောက်တော့ (Laugaw Naw, Laugaw Tang, Miwa Gam)တို့ဘဲ၊ အားလုံးက ကချင်နာမည်မှည့်ထားကြတယ်။ ကချင်စကားပြောကြတယ်။
ဂျာနယ် - ဆဒုံးဖက်က ဝင်လာတယ်ထင်တယ်။
ဦးကမ်လီ - ဖြစ်နိုင်တယ်။ ထို့နောက် အင်ဂျွန်းဒူဝါထိန်နန်ဒူ၏ သမီးအရင်းအား မေးမြန်းခွင့်ရပါသည်။
ဂျာနယ် - အရင်တုံးက ဒူဝါကြီးရဲ့ သက်သေခံ စာရွက်စာတမ်းများရှိသေးလာ။
ဒေါ်ဂျာဘူ - ရှိပါတယ်။ တချို့ကတော့ အိမ်မီးလောင်တဲ့အထဲ ပါသွားသလို ပြေးရင်းလွှားရင်းနဲ့ ပျောက်သွားတာ လည်းရှိတယ်။
ဂျာနယ် - ကြည့်ခွင့်ရမလား။
ထိုနောက် ဒေါ်ဂျာဘူမှ ယခင်အင်္ဂလိပ်ခေတ်ကာလနှင့် နောက်ပိုင်းပါလီမန်ဒီမိုကရေစီခေတ်က ပေးအပ်ခဲ့သော ကချင်ဒူဝါခန့်စာ (Appointment Order For Kachin Headman)နှင့် အခြားသော အထောက်အထားများအား ထုတ်ပြပါသည်။ စာရွက်စာတမ်းများသည် အလွန်ပင်ဟောင်းနွမ်းနေပြီ ဖြစ်သော်လည်း မိသားစုများမှ ဆက်လက်ထိန်းသိမ်းခဲ့သဖြင့် ယခုတိုင် ခိုင်မာသော သက်သေခံ ပစ္စည်းများပင်ဖြစ်နေပေရာ သိမ်းဆည်းထားသူများအား အလွန်ပင်ကျေးဇူးတင်ရပေသည်။
ဂျာနယ် - အရင်တုံးက အင်ဂျွန်းဒူဝါကို မြှုတ်ထားတဲ့ မြေပုံမှာ ရေကျုံးရှိတယ်လို့သိရတယ်။ ဟုတ်ပါသလား။ (စကားချပ်- ယခင် ပဒေသရာဇ်ခေတ်တွင် ကချင်ဒူဝါများကွယ်လွန်လျှင် ၎င်းအားမြှုပ်နှံထားသည့် မြေပုံပတ်လည်တွင် ရေကျုံးတူးထားကြသည်။)
ဒေါ်ဂျာဘူ - ဟုတ်ပါတယ်။ ရှိပါတယ်။ အနီးဆုံးကတော့ ဝိုင်းမော်ရပ်ကွက်(၃)မှာရှိပါတယ်။ အဲဒီနေရာမှ အိမ်ဆောက်ထားလို့ တော်တော်ပျက်နေပြီ။ တစ်ပိုင်းတော့ကျန်သေးတယ်။ ငါးကန်လိုလို ဘာလိုလို လုပ်နေကြတယ်။ ဓါတ်ပုံရိုက်ထားပါတယ်။ ဟုပြောကာ သုဿာန်အား ပတ်လည်ဝိုင်းထားသော ရေကျုံးတစ်ပိုင်းတစ်စပုံအား ထုတ်ပြပါသည်။ အိမ်များဆောက်လုပ်နေထိုင်ကြပြီဖြစ်သဖြင့် ပုံပင် မပေါ်တော့ချေ။
ဦးလရော် - အခုဒီပုံက Google ကနေတွေ့ရတဲ့ပုံပါ။ ဟုပြောပြီး Phone Screen ဖြင့် ပြပါသည်။ အမှန်ပင် (ဒေါ်ဂျာဘူ အထင်းထားတွေ့နေရသည်။ ဝိုင်းမော်မြို့ ၊ ရပ်ကွက်(၃)လမ်းမကြီးသည်လည်း ကျုံးအားကွင်းကာ ၏သား) ဖောက်လုပ်ထားသည်ကို တွေ့ရသည်။ ကျုံးက စက်ဝိုင်းပုံဖြစ်ပြီး အချင်းပေ တစ်ရာကျော်ရှိတယ်။ ကျုံးရေပြင်အကျယ်ကတော့ ပေသုံးဆယ်နဲ့အနက်ကတော့ ယခုလက်ရှိရှစ်ပေ (ယခင်က ဆယ်ပေခန့်) ရှိတယ်။ (စကားချပ် - တြိဂံဒေသဖက်ရှိ အချို့ကတော့ ကချင်ဒူဝါများ၏ မြေပုံရေကျုံး များသည် အချင်ပေ နှစ်ရာခန့်ရှိသော ကျုံးများလည်းရှိသည်ဟု ဆိုကြသည်။)
ဂျာနယ် - ကျုံးလုပ်ထားတဲ့ မြေပုံမှာ ဘယ်သူ့ကို မြှုပ်နှံထားတာလဲ။
ဒေါ်ဂျာဘူ - အင်ဂျွန်းဒူဝါတစ်ယောက်ပေါ့။ အဖိုးအဘေးဖြစ်တယ်။ နာမည်ကတော့ အင်ဂျွန်းအဖေါင်(Ah Hpau) လို့ခေါ်တယ်။
ဂျာနယ် - အလယ်ကျွန်းမှာ အိမ်ဆောက်ထားတယ်နော်။
ဦးဆင်ဝါးရော်- ဟုတ်တယ် ကျွန်တော်ဝမ်းကွဲအမစ်မတို့ မိသားစုက အိမ်ဆောက်ပြီး နေနေကြတယ်။ ဒီကျုံးဟာ ကချင်ဒူဝါ ၊ နိန်မောင်(ဝိုင်းမော်)ကို ပိုင်စိုးခဲ့တဲ့ ကချင်ဒူဝါ ၊ အင်ဂျွန်းဒူဝါသာမက ကချင်တစ်မျိုးသား လုံးရဲ့ သမိုင်းကြောင်းလည်းဖြစ်တယ်။ ဒီကျုံးက ကချင်ဒူဝါတွေရဲ့ သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ ကချင်လူမျိုးတိုင်းမှာ တာဝန်ရှိတယ်။ အဖိုးတို့ ဒူဝါသြဇာကြီးမားခဲ့တဲ့ သမိုင်းသက်သေတွေဖြစ်တယ်။ (စကားချပ် - ၎င်းကျုံးသည် ဝိုင်းမော်မြို့ ၊ အမှတ်(၃)ရပ်ကွက် ၊ ဆီလီအပိုင်းတွင်ရှိသဖြင့် စာရေးသူမှ ၎င်းကျုံးအား သွားရောက်ကြည့်ရှုရာ ကျုံးဘေးပတ်လည်တွင် မြေကွက်များ အကွက်ချထားခြင်း ၊ လူသွားလမ်းသည် ကျုံးအားဖြတ်ကျော်သဖြင့် ဖို့ပစ်ခြင်းများ ကြောင့် ကျုံး၏အစိတ်ပိုင်းအနည်းငယ်သာ ကျန်ရှိတော့သည်။)
ဒေါ်ဂျာဘူ - လမြန်ကထောင်မှာလည်း နောက်ကျုံးတစ်ခုရှိပါတယ်။ ဒူဝါရှဒန်ဂေါင်ရဲ့ ကျုံးပါ။ အင်ဂျွန်းဘွမ်(ခ) အင်လုံဘွမ်တောင်ပေါ်မှာလည်း ကျုံးရှိတယ်။ အဲဒီကျုံးတော့ ဒူဝါအင်ဂျွန်းနော်ကို မြှုပ်ထားတဲ့ ကျုံး ဖြစ်တယ်။
ဦးဆင်ဝါရော်- ဒီပုံကတော့ အခုအင်ဂျွန်းခါးဒေသ နိန်မောင်(ယခုဝိုင်းမော်မြို့)မှာ ပထမဆုံး ဖွင့်လှစ်တဲ့ကျောင်း ဖြစ် ပါတယ်။ အခုတော့ အမှတ်(၂)အထက်တန်းကျောင်းဖြစ်တယ်။ ကျောင်းဖွင့်နိုင်ဖို့ အဖိုးနဲ့ ဒေသခံ လူကြီး ၊ အင်ဂျွန်းဒေသရွာသူကြီးများ အတူတကွစုဖွဲ့ရိုက်ယူထားတဲ့ပုံဖြစ်ပါတယ်။ ကချင် ၊ ရှမ်း ၊ ဂေါ်ရခါးလူမျိုးတွေ အားလုံးပါတယ်။
ဂျာနယ် - နာမည်တွေများ သိနိုင်မလား။
ဦးဆင်ဝါးရော်- ပုံအောက်မှာ ရေးထားပါတယ်။
ဂျာနယ် - ယခင်အခါနဲ့ အခုအခါမှ အင်ဂျွန်းဒေသမှာ အဓိကနေထိုင်ကြတဲ့ လူမျိုးတွေများပြောပြနိုင်မလား။
ဦးကမ်လီ - အများဆုံးကတော့ ဂျင်းဖော့တွေဖြစ်ပါတယ်။ နောက်ဂျန်ဒါများ ၊ နောက်တော့ မရူလရှီများဖြစ် ပါသည်။
ဂျာနယ် - ဂျန်ဒါဆိုတော့ ရှမ်းတရုတ်မဟုတ်လား။
ဦးကမ်လီ - ဟုတ်တယ် ရှမ်း၊ ဂျန်ဒါပါ။
ဂျာနယ် - မှန်ပါတယ်။ တခြားသောရှမ်းတွေရှိသေးလား။
ဦးကမ်လီ - ရှမ်းတရုတ်ကလွဲလို့ တခြားရှမ်းမရှိဘူး။ ဂျန်ဒါဘဲရှိတယ်။ လီဆူများကတော့ ဒူဝါကြီးခေါ်လို့ ရောက်လာတာဖြစ်တယ်။ ၁၉၅၄-၁၉၅၈ တရုတ်ပြည်က နိုင်ငံရေးကြောင့် ထွက်ပြေးလာတဲ့ လီဆူ တွေကို ဒူဝါကြီးက အများကြီးစောင့်ရှောက်ထားခဲ့တယ်။ နိုင်ငံတော်အစိုးရက ပြန်မောင်းထုတ်ဖို့ လုပ်ပေမယ့်။ ဒီဖက်မှာရှိတဲ့ ရှဒန်ဒူဝါတွေအားလုံးက ဝှက်ထားပြီး ကျေးမွေးထားခဲ့တဲ့ မိတ်ဆွေတွေပ။ အခုနောက်ပိုင်းတော့ နည်းလမ်းအမျိုးမျိုးနဲ့ ရောက်လာကြပါတယ်။
ဂျာနယ် - ခတ်ချိုကော အင်ဂျွန်းဒေသမှာပါလား။ ဘယ်မှာပါလဲ။
ဦးကမ်လီ - ရှဒန် ဂျိန်မာဒူဝါရဲ့ နယ်မြေမှာပါ။ ကချင်လို Guthkyu လို့ခေါ်တယ်။ အင်ဂျွန်းနဲပ ဂျိန်မာနယ်စပ်ပါ။
ဂျာနယ် - အောင်မြေ(၁-၂)ကော ဘယ်တုံးက နေရှိနေတာလဲ။
ဦးလမာလီ - နောက်မှပေါ်လာတဲ့ စုစည်းရွာပါ။ ကချင်လိုတော့ ဂွေဆီပါ (Gwi si pa )လို့ခေါ်တယ်။ ဘာကြောင့် လဲဆိုတော့ ခတ်ချိုနဲ့ အင်ဂျွန်းကြားမှာ ရွာမရှိဘူး။ သောက်ရေလည်း တော်တော်ခက်တော့ ခွေးတွေ မောပြီးသေလို့ ခွေးသေကွင်းပေါ့
ဂျာနယ် - အခုလို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။
ပုံတ ွင် အင်ဂျွန်း ဒူဝါနှင့် ၎င်း၏ သူ ကြီးများ ဒေသခံ လူကြီးများ ပထမဆုံးသော နိန်မောင် မူလတန်းကျောင်း ( ယခု အထက (၂) ဝိုင်းမော် )စတင် ဖွင့် ပ ွဲ နေ့ အထိမ်းအမှတ် ဓါတ်ပုံ ဖြစ်ပါသည်။ အင်ဂျွန်းဒူဝါမှ ဆောက်လုပ်လှူဒန်းခြင်းဖြစ်ပါသည်။
အင်းဂျွန်းဒူဝါအား ဗြိတိသျှ အစိုး ရ မှ ဒူဝါ ခန့်စာ ( ပျက်စီးနေသည်)
နိုင်ငံတော်အစိုးရမှ ချီးမြှောက်သော စာ အင်၈ျွန်းဒူဝါ Ah HPau အား မြှုတ်နှံထားသည့် ရေကျုံး ( အချင်း ပေ 200, အကျယ် 25 ပေ, အနက် 10 ပေ) အား Google မှ မြင်တွေ ွ့ရပုံ ( အမှတ် -၃၊ ရပ်က ွက်၊ ဆီးလီး အပိုင်း၊ ဝိုင်းမော် မြို့)
ကေ ဘောမ်အောန်း ( နန်သျှရီ )